Main menu

Background

ပစ္စည်းလက်ကျန်နည်းလို့ ပြည်ပဲပုပ် ဈေးမြင့်လာ

Fri, 08/31/2012 - 07:49 -- Anonymous (not verified)

ပဲခူးတိုင်းဒေသကြီးမှာ မိုးပဲပုပ်ကို ပေါင်းတည်၊ ပြည်၊ ပေါက်ခေါင်းနဲ့ ပန်းတောင်းမြို့နယ်များမှာသာစိုက်ပျိုးပြီး အခြားမြို့နယ်များမှာတော့ မိုးပဲပုပ်စိုက် ပျိုးမှုနည်းပြီး ဆောင်းပဲပုပ်ကို အဓိက ထားစိုက်ပျိုးကြောင်း သိရပါတယ်။ မိုးပဲပုပ်စိုက်ပျိုးရန် ဧက ၁၈၀၀ ခန့် လျာ ထားခဲ့ရာ ယခုတစ်ပတ်ထိ ဧက ၁၆၀၀ ကျော်စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ဈေးနှုန်း အနေနဲ့ ကတော့ ယခင်တစ်ပတ်ထက် ဈေး ကောင်းနေပါတယ်။ ယခင်အပတ်များ က ပိဿာ ၂၀ တစ်တင်းကို ၁၆၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ရာမှ ယခုတစ် ပတ်မှာတော့ တစ်တင်း ကို ၂၀၀၀၀ ကျပ်ထိ ဈေးရနေတာကိုတွေ့ရပါတယ်။ အရောင်းအဝယ်အနေနဲ့ ကတော့ ပစ္စည်း အဝင်နည်းနေ တာကြောင့် လက် ကျန်နည်းပြီး အရောင်းမရှိ ဖြစ်နေပါ တယ်။ ဆုမွန်ဆွေ