Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီ ဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်

Fri, 08/31/2012 - 07:53 -- Anonymous (not verified)

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ကို အိတ်စပို့ဝယ်လက် တွေက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၆၀၇၅၀၀ ကျပ်နဲ့  အဝယ် ရှိရာက နောက်ပိုင်းမှာ ဝယ်လိုအားမြင့်လာတာကြောင့် သြဂုတ် ၂၁ ရက်နေ့မှာ တစ်တန်ကို ၆၁၉၀၀၀ ကျပ်ဈေးအထိ ဈေး မြင့်လာပြီး သြဂုတ် ၂၂ ရက်မှာ အိတ်စပို့အဝယ်နည်းသွားတာကြောင့် တစ် တန်ကို ၆၁၁၀၀၀ ကျပ်သို့ဈေးကျခဲ့ကာ သြဂုတ် ၂၃ ရက်မှာတော့ တစ်တန်ကို ၆၀၅၅၀၀ ကျပ်ဈေးသာ ရှိပါတော့တယ်။

ပဲဈေးက လှုပ်နေတော့ ပဲရောင်းရေးဝယ်တာမှာ သတိကြီးစွာထားနေရတယ် လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ် ပတ်အတွင်း တန် ၁၂၇၇၀ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီ (RC) ကတော့ အိတ်စပို့ဝယ်လက်တွေက ပြည်ပဈေးကွက် ရဲ့ဝယ်လို အားအခြေအနေကို တွက်ချက်ဝယ်ယူမှုတွေရှိ တာကြောင့် ဈေးမငြိမ် ဘဲ ဈေးအတက်အကျနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၆၉၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၇၂၀၀၀၀ ကျပ်အတွင်း တန် ၁၇၂၅ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။