Main menu

Background

ဟင်္သာတဈေးကွက်မှာ မတ်ပဲ ဈေးအနည်းငယ်ကျပြီး ပြောင်း ဈေးမြောက်လာ

Fri, 08/31/2012 - 08:02 -- Anonymous (not verified)

ဟင်္သာတဈေးကွက်မှာ မတ်ပဲကို အိတ်စပို့အတွက် ဝယ်ယူနေ တဲ့ ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ (RC) ရောင်းဈေးလှုပ်နေတဲ့အပေါ် တွက်ချက်ဝယ်ယူမှုတွေရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ် ပိဿာကို ၉၂၀ ကျပ်(တစ်တန်ကို ၅၆၃၃၉၈ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ပြောင်းကတော့ ရန်ကုန်အဆွဲသွက်နေတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၅၃၅ ကျပ်ဈေးနဲ့  နေ့စဉ်အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။