Main menu

Background

ပြည်ဈေးကွက်မှာ ပဲတီစိမ်းနဲ့ မတ်ပဲ ဈေးငြိမ်ပြီး ပဲစင်းငုံနီနဲ့ ကုလားပဲ ဈေးစွာ

Fri, 08/31/2012 - 08:09 -- Anonymous (not verified)

ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲက ဈေးကွက်သို့ အဝင် နည်းပေမယ့် ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိခဲ့တယ်လို့သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၉၀၀ ကျပ်(တစ်တန် ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြား ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

ပဲတီစိမ်းကိုတော့ ရန်ကုန်-မန္တလေး ဝယ် လက်ကအရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၀၀ ကျပ် (တစ် တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၄၀၀ ကြားဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ပုံမှန်ဆွဲ အားရှိတာကြောင့် အရောင်းအဝယ်သွက်နေဆဲလို့ ကုန်သည်ရပ်ကွက် ကဆိုပါတယ်။ ငုံနီပေါက်ဈေးအနေနဲ့ တစ်ပိဿာကို ၁၀၉၀ ကျပ် (တစ်တန်ကို ၆၆၇၅၀၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်အ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲကိုတော့ မြို့ခံပဲ ခွဲစက်တွေ ဝယ်အားပြန်လိုက်လာတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၈၅ ကျပ်(တစ်တန်ကို ၇၂၅၆၈၂ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ မြို့ခံ ကုန်သည် တစ်ဦးကဆိုပါတယ်။