မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၂၀၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၃၈၂ တန်၊ ငါးမှုန့် ၅၀၂ တန်၊ အေးခဲပုစွန် ၅၅ တန်ကျော်၊ အေးခဲကင်းမွန် ၅၂ တန်ခန့်၊ အေးခဲကဏန်းပျော့ ၂၈ တန်ကျော်၊ ရေငန်ပုစွန် ၁၉ တန်ဝန်းကျင်နဲ့ ကင်းမွန်ပြုတ်ခြောက် ၁ တန်ကျော်ကို သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။
ယခင်အပတ်ကထက် ၁၃၂၆ တန်၊ ၃ ဆ နီးပါး ပိုမိုတင်ပို့ခဲ့ပါတယ်။ယခင်အပတ်က တင်ပို့မှုမရှိခဲ့တဲ့ ကင်းမွန်ပြုတ်ခြောက်၊ အေးခဲကင်းမွန်၊ အေးခဲကဏန်းပျော့၊ ငါးမှုန့်နဲ့ အေးခဲ ပုစွန်တို့ ယခုအပတ်မှာ တင်ပို့မှုရှိခဲ့တဲ့အပြင် ငါးမျိုးစုံနဲ့ ရေငန်ပုစွန်တင်ပို့မှုလည်း ပိုမိုခဲ့တယ်လို့ သိရပါတယ်။ ကျန်ထိုင်းနယ်စပ်စခန်းများဖြစ်တဲ့ ကော့သောင်းနဲ့ မြဝတီနယ်စပ်များမှ တင်ပို့မှုများကိုကြည့်လျှင် ကော့သောင်းမှ ငါးမျိုးစုံ၊ ၁၆၇ တန်ကျော်နဲ့ ကျောက်ပုစွန် သုည ဒသမ ၉၉၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာသုညဒသမ ၁၀၉ သန်းဖိုးတင်ပို့ခဲ့ပြီး မြဝတီနယ်စပ်မှ ကဏန်း ၁၅ တန်ခန့်၊ ငါးမျိုးစုံ ၇ တန်ကျော်၊ ပုစွန် ၄ တန် ခန့်နဲ့ ငါးရှဉ့် ၃ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ သုည ဒသမ ၁၀၀ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ကော့သောင်းနယ်စပ်မှ ယခင်အပတ်ကထက် ငါးမျိုးစုံ ပိုမိုတင်ပို့ခဲ့တဲ့အပြင် ကျောက်ပုစွန်ကိုလည်း ယခု တစ်လမှာတင်ပို့ခဲ့တဲ့အတွက် ယခင်အပတ်ကထက် ၂၅ တန် ပိုမို တင်ပို့ခဲ့ ပါတယ်။ မြဝတီနယ်စပ်ကတော့ ငါးမျိုးစုံတင်ပို့မှုက ၈၆ တန်လျော့နည်း ခဲ့တဲ့အတွက် ကျန် ပုစွန်၊ ကဏန်းနဲ့ ငါးရှဉ့်တို့ အပို့ရှိသော်လည်း ယခင်အပတ် ကထက် ၈၂ တန်အပို့လျော့ခဲ့ ပါတယ်။ ယခုအပတ်မှာ ထိုင်းနယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၄၁၄ သန်းတန်ဖိုးရှိရေထွက်ကုန် ၂၂၄၀ တန်အပု့ိရှိခဲ့ရာ ယခင်အပတ် ကထက် ၁၂၆၉ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)