မြဝတီနယ်စပ်မှ လယ်ယာထွက်ကုန်တင်ပို့မှုအထိုက်အလျောက်သာရှိ
သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၃၇၃ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၂၇၉ တန်ခန့်ကို တမူးမှ ၁၃၇ တန်၊ ရိဒ်မှ ၉၉ တန်နဲ့ မြဝတီမှ ၄၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၀၉ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။တမူးမှ ၉၈ တန်၊ရိဒ်မှ ၈၂ တန်နဲ့ မြဝတီမှ ၅ တန် အသီး သီးပိုမို တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၄ ဆနီးပါးပိုမိုတင်ပို့ခဲ့ပါ တယ်။ MIRT(DOBT)
