မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်း များမှသြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၂၀၂ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၆၁၈ တန်ခန့်တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကထက် ၃၃ တန် ပိုမို တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်ရေထွက် ကုန်တင်ပို့မှု ၄၈ တန်ပိုမိုခဲ့ပြီး ချင်းရွှေဟော်မှ ရေထွက်ကုန်တင်ပို့မှုကတော့ ၁၆ တန်ခန့်လျော့နည်းခဲ့ပါတယ်။
မူဆယ်နယ်စပ်မှ ယခုအပတ်မှာ ငါးရှဉ့် ၂၂၄ တန်၊ ကဏန်း ၁၀၉ တန်ကျော်၊ ရေခဲငါး ၄ တန်ခန့်နဲ့ ပုစွန်တန် ၁၂၀ ကျော်၊ ချင်း ရွှေဟော်နယ်စပ်မှ ငါးရှဉ့် ၉၅ တန်ကျော်နဲ့ ကဏန်း ၄၄ တန်ကျော်တင်ပို့ နိုင်ခဲ့ပါ တယ်။ ယခုအပတ် ငါးရှဉ့်၊ ကဏန်းမြေပြင်ပေါက်ဈေးများကို ယခင်အပတ် ဈေးနဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်။ ငါးရှဉ့်ဈေးကောင်းနေသော် လည်း ကဏန်း ဈေးကျလျက်ရှိပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ငါးရှဉ့် ၉ စမအထက် ၃၇၈၃၂၂၀ ၃၀၈၁၈၇၀ ၇၀၁၃၅၀ ၂၃ ၄၄၃၀ ၃၆၃၀ ၈၀၀ ၂၂၃ စမအထက် ၁၉၁၂၉၆၀ ၁၅၆၂၁၆၀ ၃၅၀၈၀၀ ၂၂ ၂၂၄၀ ၁၈၄၀ ၄၀၀ ၂၂(စမ = စင်တီမီတာ)ကဏန်း၂၅၀ဂရမ်အထက် ၃၀၇၅၇၂၀ ၃၈၆၂၉၅၀ ၇၈၇၂၃၀ ၂၀ ၃၆၁၀ ၄၅၅၀ ၉၄၀ ၂၁၂၀၀-၂၅၀ ဂရမ် ၂၉၀၅၃၂၀ ၃၆၉၃၁၅၀ ၇၈၇၈၃၀ ၂၁ ၃၄၁၀ ၄၃၅၀ ၉၄၀ ၂၂၁၅၀-၂၀၀ ဂရမ် ၂၇၃၄၉၂၀ ၃၅၂၃၃၅၀ ၇၈၈၄၃၀ ၂၂ ၃၂၁၀ ၄၁၅၀ ၉၄၀ ၂၃၁၀၀-၁၅၀ ဂရမ် ၂၆၀၇၁၂၀ ၃၃၉၆၀၀၀ ၇၈၈၈၈၀ ၂၃ ၃၀၆၀ ၄၀၀၀ ၉၄၀ ၂၄ MIRT (DOBT)