Main menu

Background

တရုတ်နယ်စပ်စခန်းများမှ ပြောင်းတင်ပို့မှု အားကောင်းနေ

Fri, 08/31/2012 - 08:28 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ချင်းရွှေဟော်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၆၅၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၉၃၁ တန်ကို သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ တင်ပို့ခဲ့ပါတယ်။ နယ်စပ်စခန်း အလိုက် တင်ပို့မှုတွေကတော့မူဆယ်မှ ၃၇၈၉ တန်၊ လွယ်ဂျယ်မှ ၈၁၆ တန်ကျော်နဲ့ ချင်း ရွှေဟော်မှ ၃၂၆တန်အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်တစ်ခုမှ သာတင်ပို့ခဲ့ပြီး ယခုအပတ်မှာ မူဆယ်အပြင် လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ် ပေါက်များမှ တင်ပို့လာတဲ့အတွက် ယခင်အပတ်ထက် တန် ၉၁၀ ပိုမိုတင်ပို့ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံရွှေလီမှာရော မိမိဘက်မူဆယ်မှာပါ ယခင်အပတ်ထက်ပြောင်းဈေးများ လျော့ကျ လျက်ရှိပါတယ်။ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -

မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု           ယခင်     ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    % ၃၄၇၅၀၀    ၃၅၇၈၂၇      ၁၀၃၂၇       ၃     ၄၀၄     ၄၁၇         ၁၃           ၃MIRT(DOBT)