Main menu

Background

ဇင်ဘာဘွေမှာ ပြည်တွင်းပြောင်း လုံလောက်မှုမရှိသဖြင့် ပြည်ပမှ ပြောင်းတင်သွင်းမှုကိုသာ အားကိုးရတော့မည်

Fri, 08/31/2012 - 08:34 -- Anonymous (not verified)

ဇင်ဘာဘွေမှာ ကာလရှည်ကြာစွာ မိုးခေါင်ခြောက်သွေ့မှုဒဏ်ကို ခံစားနေရပြီး ပြည်တွင်းစားသုံးသူေ တွအတွက်အဓိကသီးနှံ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ပြောင်း လုံလောက်မှုမရှိတော့ကြောင်း သိရတယ်။ ပုံမှန်အနေနဲ့ ဇင်ဘာဘွေက ပြည်ပကို ပြောင်းတင်ပို့နေတဲ့ နိုင်ငံဖြစ်သော်လည်း လောလောဆယ် မှာတော့ ပြည်တွင်းစား သုံးမှု မလုံလောက်တဲ့အတွက် ပြည်ပမှပြောင်းတင်သွင်းရတော့မယ်လို့သိရတယ်။

အိမ်နီးချင်းမာလာဝီနဲ့ ဇမ်ဘီယာတို့မှာလည်း ဇင်ဘာဘွေကို တင်ပို့ရောင်းချဖို့ ပြောင်းလုံလုံလောက်လောက် မရှိတော့ကြောင်းသိရတယ်။ တောင်အာဖရိက ကလည်း ဇင်ဘာဘွေကို ပြောင်းတင်ပို့နိုင်ခြင်း မရှိကြောင်း ၊ တောင်အာဖရိကဟာ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ပြောင်းကိုသာ အဓိကထားစိုက်ပျိုးသော်လည်း ဇင်ဘာဘွေ က မျိုးရိုးဗီဇပြုပြင်ထားတဲ့ စားနပ်ရိက္ခာတွေ စိုက်ပျိုးစားသုံးမှုမပြုရမူဝါဒ (no-GM Food Policy) ကို တင်းတင်းကျပ်ကျပ် ချမှတ်ထားကြောင်း သိရတယ်။Source:foodworldnews.com,ပပ