Main menu

Background

နယ်စပ်မှ ရော်ဘာအပို့လျော့

Fri, 08/31/2012 - 08:34 -- Anonymous (not verified)

နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာသုည ဒသမ ၃၀၉ သန်းတန်ဖိုးရှိ ရော်ဘာ ၁၀၄ တန်ကျော်ကို သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါ တယ်။

ယခင်အပတ်တင်ပို့မှုထက် ၅၉ တန်ကျော် လျော့နည်းခဲ့ပါတယ်။ ချင်းရွှေဟော်မှ တန် ၄၀ ကျော်နဲ့ မူဆယ်မှ ၆၈ တန် ကျော် လျော့ကျတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှု မရှိခဲ့တဲ့ မြိတ်နယ်စပ်မှ ယခုအပတ်မှာတော့ တင်ပို့ခဲ့ပါတယ်။ ယခု အပတ်နယ်စပ်အလိုက် ရော်ဘာတင်ပို့မှုတွေကတော့ မူဆယ်မှ RSS-3 ၃၆ တန်ကျော်၊ ချင်းရွှေဟော်မှ RSS-3 ၁၈ တန်နဲ့ မြိတ်မှ MSR-20 တန် ၅၀ အသီးသီးဖြစ်ပါတယ်။ မိမိဘက်မြေပြင်ရော်ဘာဈေးများ ပြောင်းလဲမှုမရှိသော်လည်း တစ်ဘက် နိုင်ငံဈေးမှာ ၄ ဒေါ်လာ၊ ၅ ဒေါ်လာထိ လျော့နည်းခဲ့ပါတယ်။ မိမိဘက် RSS-3 တစ်တန်ပေါက်ဈေးမှာ ၂၄၇၉၀၀၀ ကျပ်နဲ့ RSS-5  တစ်တန်ပေါက်ဈေးမှာ ၂၃၄၅၀၀၀ ကျပ်ဖြစ်ပြီး တစ်ဖက်နိုင်ငံပေါက်ဈေးမှာ RSS-3 တစ်တန် ၂၉၁၃ ဒေါ်လာနဲ့ RSS-5 တစ်တန် ၂၇၅၆ ဒေါ်လာ ပေါက်နေပါတယ်။                                                                      MIRT(DOBT)