Main menu

Background

ရင်းနှီးမြုပ်နှံလိုသူတို့အတွက် ဒေသကောင်းတစ်ခု ညွှန်ပြခြင်း

Fri, 08/31/2012 - 08:45 -- Anonymous (not verified)

ကန္ဒရဝတီလို့ခေါ်တဲ့ ကျွန်တော်တို့ ကယားပြည်နယ်ကလေးဟာ ပြည်နယ်တွေထဲမှာ အကျဉ်းဆုံးပြည်နယ်ဖြစ်ပေ မဲ့ တောတောင် သဘာဝသယံဇာတများ ပေါများကြွယ်ဝလျက်ရှိပါသေးတယ်။ ယခင် ကတော့ နယ်မြေလုံခြုံရေး အနေအထားအရ ကန့်သတ်နယ်မြေတွေ၊ အညို အမဲစသဖြင့် အရောင်ခြယ်ဒေသတွေရှိခဲ့ပေမဲ့ လက်ရှိအစိုးရ လက်ထက်မှာတော့ ပြည်နယ်အဆင့်မှ ပြည်ထောင်စုအဆင့်အထိ ရာနှုန်းပြည့်နီးပါး ငြိမ်းချမ်းရေးဆောင်ရွက်နို င်ခဲ့လို့ မအိုသေးတဲ့သူ အပျိုလေးနဲ့တူဆိုသလိုပါပဲ။ ပျားပိတုန်းတွေဝဲ ကာ ပျံကာရစ်ဝဲနေခြင်း ခံနေရတဲ့ နှင်းဆီငုံကလေးနဲ့သာ တင်စားလိုက်ချင်ပါတော့တယ်။

ကယားပြည်နယ်ရဲ့ လယ်ယာထွက်ကုန်သီးနှံထဲမှာ စိုက်ပျိုးမှု များသလို ပိုလျှံမှုများတာက အစေ့ထုတ်ပြောင်း တစ်နှစ်ကို တန် ၂၀၀၀၀ ကျော်ရှိပါတယ်။ ပဲမျိုးစုံမှာလည်း တန်ချိန် ၅၀၀၀ မှ ၁၀၀၀၀ ကြားပိုလျှံပါတယ။် ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနဲ့ ကြက်သွန်ဖြူ၊ မန် ကျည်းမှည့်၊ ကြက်ဆူကြားစေ့၊ ငရုတ်တွေလည်း အခြားပြည်တွင်း၊ ပြည်ပကို တင်ပို့ရောင်းချနိုင်လောက်အောင် ပိုလျှံပါတယ်။ ဓာတ် သတ္တုပစ္စည်းတွေထဲမှာတော့ ခနောက်စိမ်း၊ ခဲ၊ ခဲမဖြူစတာတွေလဲ ထွက်ရှိပါတယ်။ ဒီလိုအလားအလာအခြေအနေကောင်းတဲ့ ဒေသ တွင်းထွက်ကုန်တွေနဲ့ ပြည့်စုံနေတဲ့ ကယားပြည်နယ်ကို ပြည်တွင်း၊ ပြည်ပကုမ္ပဏီလုပ်ငန်းရှင်တွေ မျက်စိကျလာတာကတော့ မဆန်းပါ ဘူး။ အနီးစပ်ဆုံး မြန်မာ့ပြည်နယ် နယ်နိမိတ်၊ ကယားပြည်နယ် အရှေ့ဘက်စည်းရိုးနဲ့ကပ်လျက်တည်ရှိနေတဲ့ ထိုင်းနိုင်ငံ မယ်ဟောင် ဆွန်ပြည်နယ်က အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင် ၃၀ ခန့်ဟာ ၂၀၁၂ ခုနှစ် ဧပြီလအတွင်းက လွိုင်ကော်မြို့ကိုရောက်ရှိလာပြီး ကနဦး နယ် မြေလေ့လာမှု၊ စူးစမ်းမှုပြုလုပ်ခဲ့ကြပါတယ်။ ကယားပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးခင်မောင်ဦးနဲ့အဖွဲ့ကလဲ ဧည့်ဝတ်ကျေပွန်စွာနဲ့ကြို ဆိုဧည့်ခံပြီး သိလိုတာများကို ရှင်းလင်းဆွေးနွေးဖလှယ်ခဲ့ပါတယ်။ယခုတဖန် မယ်ဟောင်ဆွန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mrs. Narumd Paravat   ရဲ့ ဖိတ်ကြားချက်အရ ကယားပြည်နယ် အစိုးရ အဖွဲ့ဝင် စီးပွားရေးနှင့်စီမံကိန်းဌာန ပြည်နယ်ဝန်ကြီး ဦးတော့ရယ်နဲ့ လမ်းပန်းဆက်သွယ်ရေးဌာန ဝန်ကြီး ဦးချစ်လှတို့ ခေါင်းဆောင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်  စီးပွားကူးသန်းဝန်ကြီးဌာနမှ အရာ ထမ်းများ၊ လွိုင်ကော်ကုန်စည်ဒိုင်မှဥက္ကဋ္ဌ ဦးသိန်းမြင့်နဲ့ ကဏ္ဍ အလိုက်ကုန်သည်များ စုစုပေါင်းအဖွဲ့ဝင် ၁၂ ဦးဟာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၆ ရက်မှ ၃၀ ရက်အထိ ထိုင်းနိုင်ငံ မယ်ယောင်ဆွန် ပြည်နယ်ကို စီးပွားရေးနှင့် ကုန်သွယ်ရေး၊ စားသောက်ကုန်လုပ်ငန်း၊ ခရီးသွားလာရေး၊ ဆောက်လုပ်ရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများနဲ့ပတ်သက် လို့ ပြည်နယ်နှစ်ခုအကြား ဆွေးနွေးညှိနှိုင်း ကြရန် သွားရောက်မှာဖြစ်ကြောင်းသိရှိရပါတယ်။ဒါကြောင့် သိပ်မကြာတဲ့ ကာလတစ်ခုအတွင်းမှာ ကျွန်တော်တို့ ကယားပြည်နယ်မှာ ပြည်တွင်းပြည်ပက ကုမ္ပဏီလုပ်ငန်းရှင်ကြီးများ ဥဒဟိုကူးသန်းသွားလာ၊ ရောင်းဝယ်ဖောက်ကားပြီး စိုက်ခင်းကြီးများ၊ ကုန်ထုတ်လုပ်ငန်းစက်ရုံ အလုပ်ရုံများလည်ပတ်ကာ ပျားပန်းခတ်မျှ စည်ပင်တော့မှာဖြစ်ကြောင်း သိသူဖော်စားနိုင်ရန် လက်တို့ပြီးတော့ ပြောလိုက်ရကြောင်းပါ။                       မောင်မောင်အေး