မန်းဈေးကွက်မှာ တရုတ်ဓာတ်မြေသြဇာ ဈေးကျ အရောင်းသွက်
မန္တလေးဓာတ်မြေသြဇာဈေးကွက်မှာ ယခုရက်ပိုင်း မိုးကျ လာတဲ့အတွက် အရောင်းအဝယ်သွက်လာပါတယ်။ မန္တလေးမှာ မူဆယ်နဲ့ လမ်းသင့်တဲ့အတွက် တရုတ်ထုတ် ဓာတ်မြေသြဇာများ ရဲ့ အဓိကဈေးကွက် ဖြစ်ပါတယ်။ စိုက်ပျိုးရေးသုံးပစ္စည်းများ နိုင်ငံတော်က ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပြုပြီးနောက်ပိုင်း ဓာတ် မြေသြဇာဈေးကျဆင်း လာပါတယ်။ အရောင်းဆိုင်များ အနေနဲ့ ကလည်း ထုတ်လုပ်တဲ့ကုမ္ပဏီများမှ ပေးတဲ့အမြတ်ရာခိုင်နှုန်းကို သာရယူရောင်းချနေကြောင်း သိရပါတယ်။ ယခုအပတ် မန္တလေး ဓာတ်မြေသြဇာဈေးကွက်မှာ ယူရီးယား(တရုတ်) ပန်းဖူး ၁၈၇၀၀ ကျပ်၊ ရွှေတောင် ၁၉၁၀၀ ကျပ်၊ တရုတ်ဓာတ်မြေသြဇာများဖြစ် တဲ့ စူပါ ၄၆ ရာခိုင်နှုန်း ၂၀၇၀၀ ကျပ်၊ တီစူပါ ၁၆ ရာခိုင်နှုန်း ၇၈၀၀ ကျပ်၊ တီစူပါ ၁၂ ရာခိုင်နှုန်း ၈၁၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ က ၁၃၈၀၀ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေသော်လည်း မိုးကျလာတဲ့အတွက် တောင်သူ များအဝယ်လိုက်တာကြောင့် အရောင်းအဝယ် သွက်လာတယ်လို့ ဈေးကွက်မှ သိရပါတယ်။ ကျော်မြင့်
