Main menu

Background

ပုဂံဟိုတယ်ဇုန် ဖော်ထုတ်ရန် စီစဉ်လျက်ရှိ

Fri, 08/31/2012 - 08:56 -- Anonymous (not verified)

ပုဂံဒေသမှာ တိုးတက်ဝင်ရောက် လာမယ့် ဧည့်အရေအတွက်နဲ့ အခန်း အရေအတွက် လုံလောက်စေဖို့ ပုဂံဟို တယ်ဇုန်ဖော်ထုတ်ဖို့   စီစဉ်လျက်ရှိ ကြောင်း သိရပါတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့  ကြေ ညာချက်အရ ပုဂံဒေသကို ဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၁ ခုနှစ်မှာ ပြည် တွင်းဧည့်သည် ၂၅၆၄၆၈ ဦး၊ ပြည်ပ ဧည့်သည် ၁၀၂၅၈၇ ဦး၊ ၂၀၁၂ ခုနှစ်၊ ဇွန်လကုန်ထိ (နှစ်ဝက်ကာလ)မှာ ပြည် တွင်းဧည့်သည် ၁၉၄၉၁၅ ဦး၊ ပြည်ပ ဧည့်သည် ၇၇၅၀၀ ဦး ဝင်ရောက်ခဲ့ရာ ဧည့်သည်ဝင်ရောက်မှု တိုးတက်မှုအနေ နဲ့ ပြည်တွင်းဧည့်သည် ၅၂ ရာခိုင်နှုန်းနဲ့ ပြည်ပဧည့်သည် ၅၁ ရာခိုင်နှုန်း တိုး တက်လျက်ရှိကြောင်း၊ နှစ်အလိုက် ပျမ်း မျှ ၅၀ ရာခိုင်နှုန်း  တိုးတက်လာပါက ၂၀၁၅ ခုနှစ်အထိ ခရီးသည်ဝင်ရောက် နိုင်မှုနဲ့ အခန်းလိုအပ်ချက်မှာ ၉၉၆၀ ခန်း လိုအပ်မှာဖြစ်ကြောင်း ထုတ်ပြန် ထားပါတယ်။

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ် ငန်းရှင်များအသင်း(ပုဂံဇုန်)အတွင်းရေး မှူး ဦးဇော်ဝိတ်မှ လက်ရှိ ရှိနေတဲ့ အခန်းအရေအတွက်နဲ့ ဧည့်သည်ဝင် ရောက်မှုဟာ လုံလောက်မှုရှိဖို့ ၂၀၁၂ ခုနှစ်မှာ လက်ရှိအခန်း ၂၁၆၀ ခန်း ဧည့် ဝင်ရောက်မှုက ၅၃၈၅၈၂ ဦးရှိရာ ၂၉၅၁ခန်းလိုအပ်ပါတယ်။ ၂၁၁၃ ခုနှစ် မှာ ခန့်မှန်းလူဦးရေ ၅၀ ရာခိုင်နှုန်း တိုး လာပါက ၄၄၂၇ ခန်းလိုအပ်မှာဖြစ်ပါ တယ်။ ရေရှည်မှာ ဟိုတယ်အခန်းများ လုံလောက်စေဖို့လက်ရှိရှိနေတဲ့ ဟိုတယ် များ အခန်းတိုးချဲ့မယ်ဆို အခန်းရရှိ မှာဖြစ်ပါတယ်။ အခန်းတိုးချဲ့ပြီး ၂၀၁၃ ခုမှာ လိုအပ်တဲ့ အခန်းအရေအတွက် ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ရေ ရှည်အနေနဲ့ဆို ဟိုတယ်ဇုန်များ ဖော် ထုတ်ပေးမှသာ အဆင်ပြေမှာ ဖြစ်ပါ တယ်။ ပုဂံဟိုတယ်ဇုန်  စီမံကိန်းကို ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ကား လမ်းဘေး တူရွင်းတောင်ခြေရှိ ဧက ၁၂၆၀ ပေါ်မှာ အကောင်အထည်ဖော် ဖို့ တင်ပြထားပြီးဖြစ်ပါတယ်"လို့ ပုဂံဟို တယ်မှာကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲ မှာ ပြောပါတယ်။ညောင်ဦးခရိုင်အတွင်း မြကန်အနီး မှာ မြေဧက ၁၂၀၀ကိုတိုးချဲ့တဲ့ ဟိုတယ် ဇုန်အဖြစ် သတ်မှတ်လျာထားသော် လည်း လုပ်ငန်းများစတင်ဆောင်ရွက်မှု မရှိသေးကြောင်း၊ အသစ်တိုးချဲ့မယ့် ပုဂံ ဟိုတယ်ဇုန်လုပ်ငန်းများ  ဆောင်ရွက်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြေနေရာ ရရှိရေး  လာရောက်လျှောက်ထားသူ ၂၆ ဦးရှိကြောင်း သိရပါတယ်။ဇူးဇူး