ယခုတစ်ပတ်အတောအတွင်း ရန် ကုန်မြို့ ကားဈေးကွက်တွင်သာမက မန္တလေးမြို့ ကားဈေးကွက်တွင်လည်း ယာဉ်ဟောင်းအပ်နှံ စလစ်ဈေးနှုန်းများ ထပ်မံမြင့်တက်လာကာ ယခင်ကထက် ကျပ် ၁၀ သိန်း ၁၂ သိန်းခန့် ဈေးမြင့် လာကြောင်း သိရသည်။
ဇူလိုင်နောက်ဆုံးပတ်ခန့်က စတင် မြင့်တက်ခဲ့သည့် ယာဉ်ဟောင်းအပ်နှံ စလစ်ဈေးနှုန်းသည် ဈေးမကျသည့် အပြင် ယခုကာလတွင် ကျပ်၈၅ သိန်း ခန့်ဈေးဖွင့်ပြီး ၈၂ သိန်းဖြင့် အရောင်း အဝယ်ဖြစ်ကြောင်းသိရသည်။ စလစ် များ ဈေးတက်၍ ၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထုတ် အင်ဂျင်ပါဝါကြီးကားများ၊ အင်ဂျင်အလတ်ကားများ ဈေးဆွဲပါလာ ပြီး ယခင် ကျပ်သိန်း ၃၀၀ အောက်ရှိ သည့် ပါဂျဲရိုး (87)များ ကျပ်သိန်း၃၀၀ သိန်းအထက် ခေါ်ရောင်းလာပြီး 97/98 ထုတ် ဆပ်(ဖ်)ကားများလည်း ထို နည်းတူပင်ဖြစ်လာကြောင်း အပေါ်ဝိုင်း ဝါရင့်အကျိုးဆောင်များမှပြောသည်။စလစ်များဈေးတက်လာမှုနှင့်အတူ ကားဟောင်းများပါ ပြန်၍ ဈေးတက် လာပြီး ယခင်အသုံးပြုပြီး (၂ခ/၃ခ) အက္ခရာတန်းရှိ ပါဂျဲရိုး (V-46)များမှာ ကျပ်သိန်း၂၀၀အထက်ဈေးဖြင့်ပင်အတော် အဝယ်ခက်သွားကြောင်း၊ အပ်ကားများ တွင် လတ်တလော အပ်နှံလက်ခံမည့် အက္ခရာစဉ်လိုက်ကားများ ပြန်၍ဈေး ရလာပြီး အက္ခရာဝေးသေးပါကလည်း လတ်တလောအဝယ်ရှိကြောင်း၊အဘယ် ကြောင့်ဆိုသော် လက်ရှိ တက္ကစီအသစ် ဈေးနှုန်းများအား မလိုက်နိုင်၍ မအပ် မီကာလအတွင်း တက္ကစီပြောင်းလဲ၍ ကာလတို စီးပွားရေးလုပ်မည့်သူများ ရှိလာသဖြင့်ပင်ဖြစ်ကြောင်း ၎င်းတို့မှ ပြောသည်။ဝိုင်းများထဲတွင်လည်း ကောလာ ဟလသတင်းများထွက်နေပြီးထိုသတင်း အရ တက်ဈေးနှင့်ပင် ကားလိုက်ဝယ်သူ များရှိကာ ရောင်းမည့်လူများကလည်း ယခင်ကာလများကဲ့သို့ ချမရောင်းနိုင် တော့ကြောင်း အပ်ကားများ ရှားလာ သဖြင့် စလစ်ဈေး မြင့်တက်လာရ ကြောင်း၊ ထို့ကြောင့် စလစ်ဈေး ပုံမှန် ဈေး ပြန်ဖြစ်စေရန် ယာဉ်အိုဟောင်း အပ်နှံမှုအစီအစဉ်အား ယခင်ကကဲ့သို့ သတ်မှတ်ကာလ အစီအစဉ်အလိုက် အသေးစိတ်အားသက်ဆိုင်ရာမှ ထုတ် ပြန်မှသာ အများပြည်သူ တိတိကျကျ သိရှိနိုင်ပြီး ပြင်ပ ကောလာဟလ သတင်းများ လျော့ပါးသွားမည်ဟု ဝါရင့်အကျိုးဆောင်အချို့က သုံးသပ် ကြသည်။ SN