Main menu

Background

သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းမည်

Fri, 08/31/2012 - 09:00 -- Anonymous (not verified)

သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပျူမြို့ဟောင်းသုံးခုကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမှာဖြစ်ကြောင်း သိရပါတယ်။ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက်များဦးစီးဌာန(ပုဂံရုံး) ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက "ပျူမြို့ဟောင်း ၃ ခုကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ကြိုးစားနေပါတယ်။ စက်တင်ဘာလ သို့မဟုတ် နိုဝင်ဘာမှာ အမည်စာရင်းတင်သွင်း မှာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်၊ သြဂုတ် ၈ရက်က  UNESCO  ညွှန်ကြားရေးမှူးက ပုဂံဒေသကိုလာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ခြင်းဖြစ်ပါတယ်။ ပုဂံဒေသကို အင်မတန်ရင်သပ်ရှုမောဖြစ်ရတယ်လို့ ပြောပါတယ်။ ယဉ်ကျေးမှုအမွေ စာရင်းတင်သွင်းပြီး ၂၀၁၄ ခုနှစ်  UNESCO အစည်းအဝေးမှာ အားလုံးတင်ပြပေးသွားပြီးရင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်မှာ ဖြစ်ပါတယ်။ ပျူမြို့ဟောင်း ၃သုံးခု ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီးရင် ပုဂံဒေသကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်။ ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရင် Tourism လုပ်ငန်းတွေလည်း တိုးလာမယ်"လို့ ပြောပါတယ်။ပုဂံဒေသဟာ ၁၉ စတုရန်းမိုင်ကျယ်ဝန်းပြီး ဧရိယာအတွင်း ယဉ်ကျေးမှုအမွေအနှစ်များ အကန့်အသတ်နဲ့ တည်ရှိနေပြီး၊ ယဉ်ကျေးမှုအမွေအနှစ်များကို ပြည်သူမှ ထိန်းသိမ်းဖို့လိုအပ်ကြောင်း၊ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖို့ ထိန်းသိမ်းရမှာဖြစ် ကြောင်း ဦးနိုင်ဝင်းက ဆက်လက်ပြောကြားကြောင်း သိရပါတယ်။                                             ဇူးဇူး