Main menu

Background

တစ်ပတ်အတွင်း ပြည်တွင်းအားကစားသတင်းတိုများ

Fri, 08/31/2012 - 09:42 -- Anonymous (not verified)

ပရီးမီးယားလိဂ်ကလပ် ဘော်လတန်အသင်းကွင်းလယ်လူဟောင်း ဂျပန်လက် ရွေးစင်ဘောလုံးသမားေ ဟာင်းဖြစ်သူ နာကာတာသည် ရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်း တွင် လေ့ကျင့်မှုများပြုလုပ်နေ သည့် မြန်မာ့လက် ရွေးစင်အမျိုးသမီးအသင်းနှင့် ယူ-၁၉အမျိုးသားအသင်းတို့ကို အဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့်အတူ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မိမိ၏သားဖြစ်သူ အရွယ်ရောက်လာသည့်အခါ ပရော်ဖက်ရှင်နယ်ဘောလုံး သမားတစ်ဦးဖြစ်လာစေလိုသည်ဟု ကမ္ဘောဇအသင်းခေါင်းဆောင် ဟန်ဝင်း အောင်က ဖွင့်ဟပြောကြားလိုက်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၃ခုနှစ် အာရှယူ-၁၇ဘောလုံးပြိုင်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်သည့် အနေဖြင့် မြန်မာ့လက်ရွေးစင်ယူ-၁၇ လက်ရွေးစင်အသင်းအား ဆော်ဒီအာရေဗျယူ-၁၇ဘောလုံးအသင်းနှင့် ခြေစမ်းပွဲကိုစက်တင်ဘာလ ၆ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက မိမိ၏အဓိက  တာဝန်မှာ လာမည့် ၂၀၁၃ ဆီးဂိမ်းတွင် အောင်မြင်မှုရရှိရန်ဖြစ်သော်လည်း ဆူဇူကီးဖလားတွင်လည်း အောင်မြင်မှုရရှိရန် အကောင်းဆုံးကြိုးပမ်းမည်ဖြစ် ကြောင်း ဖွင့်ဟခဲ့သည်။ ဇေယျာရွှေမြေအသင်းသည် မြန်မာ့လက်ရွေးစင် ယူ-၁၉ဘယ်နောက်ခံလူ လင်းလက်အောင်အား ခေါ်ယူလိုက်ကြောင်း သိရသည်။