တစ်ပတ်အတွင်း နိုင်ငံတကာအားကစားသတင်းတိုများ

လီဗာပူးသည် ဆလိုဗေးနီးယားဗဟိုနောက်ခံလူမာတင်စကာတယ်ကို နှစ်ရှည် စာချုပ်သစ်တစ်ရပ်ချုပ်ဆိုနို င်ခဲ့ကြောင်းသိရသည်။

တစ်ပတ်လုပ်ခပေါင် ၁၃၀၀၀၀ ရရှိနေသည့် မန်စီတီးအသင်း၏တိုက်စစ်မှူး ဒေးဗစ်ဆေးလ်ဗားသည် မန်စီးတီးနှ င့် နှစ်နှစ်စာချုပ်သာကျန်ရှိတော့သူဖြစ်ပြီး အသင်း၏လစာအများဆုံးကစားသမားများဖြစ်သည့်တီဗက်ဇ်၊ ယာယာတိုေ ရး တို့ကဲ့သို့ ပေါင်နှစ်သိန်းကျော်ရရှိလိုလျက်ရှိသည်။ မန်စီးတီးသည် ဆေးလ်ဗား အား စာချုပ်သစ်ချုပ်ဆိုလိုသော် လည်း ယခုကဲ့သို့ လစာမြင့်မားစွာ တောင်းဆို မှုကြောင့် စာချုပ်သစ်ကိစ္စဆွေးနွေးမှုကို ရပ်ဆိုင်းထားပြီး ဆောင်းရာ သီတွင်မှ ထပ်မံ ဆွေးနွေးဖွယ်ရှိနေသည်။ ဖီအိုရင်တီးနားသည် အီတလီသို့ပြောင်းရွှေ့ကစားလိုနေသည့် မန်ယူတိုက်စစ် မှူး ဘာဘာတော့ဗ် ကို ခေါ်ယူရန်စီစဉ်လျက်ရှိနေကြောင်းသိရသည်။ ဘာဘာတော့ဗ်သည် မီလန်သို့ ပြောင်းရွှေ့လိုမှုကြော င့် ဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရသည်။ မန်ယူတွင် ဆက်လက်ကစားနိုင်ရေးအတွက် လူးဝစ်စ်နာနီက ၎င်း၏လုပ်ခ လစာကိုလျှော့ယူရန် အဆိုပြုမည်ဖြ စ်ကြောင်း သိရသည်။ စပါးမန်နေဂျာ ဘိုအာ့စ်သည် ဘရာဇီးကစားသမား ရှက်တာဒိုးနတ် ကွင်း လယ်လူ ဝီလျံအား ခေါ်ယူနိုင်ရေး အတွက် လူကာမိုဒရစ်အား အမြန်ဆုံး ရောင်းချနိုင်ရန် တွန်းအားပေးလျက်ရှိကြောင်း သိရသည်။ မန်ယူအသင်းသည် ဘရာဇီးကွင်းလယ်လူ ရီးရဲလ်မက်ဒရစ်မှ ကာကာကို ခေါ် ယူမည်ဟူသောသတင်းများ ထွက်ပေါ်နေခြင်းကို ရီးရဲလ်မက်ဒရစ်နည်းပြ မော် ရင်ဟိုက ငြင်းပယ်လိုက်ကြောင်း သိရသည်။ ဂျူဗင်တပ်စ်နည်းပြ အန်တိုနီယိုကွန်တီသည် လုပ်ပွဲကစားမှုကြောင့် ၁၀ ပွဲပယ် ပြစ်ဒဏ်ခံရခြင်းအား အယူခံတင်သွင်းခဲ့ရာ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ ချဲလ်ဆီးအသင်းသည် အသင်းမှ ဒေးဗစ်လူးဝစ်အား မန်စီတီးအသင်းမှ ပေါင် သန်း ၃၀ဖြင့် ကမ်းလှမ်းလာခြင်းအား ပယ်ချလိုက်ကြောင်း သိရသည်။ မန်စီတီးတိုက်စစ်မှူးအဂူရိုသည် ဆောက်သန်တမ်အသင်းကို ၃-၂ဖြင့် အနိုင်ရ သည့်ပွဲစဉ်တွင်ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့်တစ်လခန့်အနားယူရမည်ဖြစ်သည်။