အိန္ဒိယအနေဖြင့် ဆန်တင်ပို့မှုကို ဆက်လက်ခွင့်ပြုသွားမည်ဟု စားနပ်ရိက္ခာဝန်ကြီးက ပြောကြား

သြဂုတ်လ ၂၂ ရက်မှာ အိန္ဒိယဆန်ဖြူ (၅ ရာခိုင်နှုန်းဆန်ကွဲ)နဲ့ ဆန်ဖြူ (၂၅ ရာခိုင်နှုန်းဆန်ကွဲ) အမျိုးအစားများ တစ် တန်ကို ၅ ဒေါ်လာနဲ့ ၁၀ ဒေါ်လာစီ အသီးသီးဈေးမြင့်လာတယ်။ အိန္ဒိယ၅ မှတ်ဆန် က တစ်တန်ကို ၄၂၀ ဒေါ်လာမှ ၄၂၅ ဒေါ်လာကိုလည်းကောင်း၊ ဆန်ဖြူ ၂၅ မှတ်ဆန်ဖြူ မှာ ၃၈၅ ဒေါ်လာမှ ၃၉၅ ဒေါ်လာကို လည်းကောင်း အသီးသီး ရောက်ရှိလာတယ်။

ဝယ်လိုအားမြင့်မားမှုကြောင့် မဟုတ်ဘဲ၊ ပဲပုပ်နဲ့ ပြောင်းေ တွ ဈေးကောင်းနေရာ အိန္ဒိယဆန်ဈေးလည်း အနည်းငယ် မြင့်မားလာခြင်းဖြစ်တယ်။ အိန္ဒိယဆန်ကို ပြည်တွင်း နဲ့ ပြည်ပမှ ဝယ်လိုအားများစွာမရှိလှကြောင်း သိရတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံတွင်း မုတ်သုံမိုး ရရှိမှုနည်းနေ တဲ့ ဒေသတွေမှာ မိုးများရရှိလာပြီဖြစ်ပြီး စပါးစိုက်ပျိုးမှုအတွက် စိုးရိမ် စရာမလိုတော့တဲ့ အခြေအနေ ကလည်း ဆန်ဈေးနှုန်းကို တည်ငြိမ်အောင် အထောက်အပံ့ပေးနေတယ်။ သြဂုတ်လ ၁၇ ရက်နေ့အထိ စာရင်းအရ အိန္ဒိယရဲ့ စပါးစိုက်ပျိုးဧရိယာက ဟက်တာပေါင်း ၃၀ ဒသမ ၇၆ သန်းအထိ ရောက်ရှိလာရာ ပုံမှန်စပါးစိုက်ဧရိယာထက် ၆ ရာခိုင်နှုန်း မြင့်မားနေသလို ယခင်သီတင်းပတ်အတွင်း စိုက်ပျိုးထားတဲ့ ဧရိယာ ထက် ၁၆ ဒသမ ၄ ရာခိုင်နှုန်းဝန်းကျင် တိုးတက်လာတယ်လို့ သိရတယ်။ ဒါကြောင့် အိန္ဒိယအနေနဲ့ ဆန်တင်ပို့မှုကို ဆက်လက်ခွင့်ပြုသွားမယ်လို့ စားနပ်ရိက္ခာဝန်ကြီးက သြဂုတ်လ ၂၂ ရက်နေ့က ပြောပြလိုက်တယ်။ အိန္ဒိယ ပေါင်းဆန်ဈေးနှုန်း ( FOB  နှုန်း) မှာတော့ တစ်တန်ကို ၄၁၀ ဒေါ်လာမှ ၄၀၅ ဒေါ်လာအထိ    ၅ ဒေါ်လာ ဈေးကျသွားတယ်။                                          Source:oryza.com, riceonline.com, ပပ