ကမ္ဘောဒီးယားမှ အင်ဒိုနီးရှားကို ဆန်ဝယ်ယူရေးတိုက်တွန်း

ကမ္ဘောဒီးယားမှ ၎င်းရဲ့ ဆန်ကိုဝယ်ယူရေးနဲ့ ကမ္ဘော ဒီးယားနိုင်ငံအတွင်း ရိတ်သိမ်းချိန်လွန်လုပ်ငန်းများမှာ ရင်းနှီး မြှုပ်နှံရေး အင်ဒိုနီးရှားကို တိုက်တွန်းကြောင်း သိရပါတယ်။ အင်ဒိုနီးရှားမှာရှိတဲ့ ကမ္ဘောဒီးယားသံအမတ်မှ ၎င်းတို့ဆန်ဟာ အရည်အသွေးအားဖြင့် ထိုင်းဆန်နဲ့ ယှဉ်နိုင်ပြီး ဈေးနှုန်းပိုမို ချိုသာတယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယားရဲ့ အကောင်းဆုံး ဆန်ဈေးက တစ်တန် ကန်ဒေါ်လာ ၄၅၀ ဝန်းကျင်ရှိနေချိန်မှာ ထိုင်းဆန်က ကန်ဒေါ်လာ ၆၀၀ အထိ မြင့်တက်နေတယ်လို့ ၎င်းကဆိုပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံမှာ အင်ဒိုနီးရှားမှ ရိတ်သိမ်း ချိန်လွန်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံဖို့လည်း အလိုရှိနေ တယ်လို့ ၎င်းက ဆိုပါတယ်။ နိုင်ငံအတွင်း ဆန်ကြိတ်ခွဲစက် အလုံ အလောက် မရှိတဲ့အတွက် ဗီယက်နမ်နဲ့ ထိုင်းကို စပါးများ တင်ပို့နေရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ၎င်းရဲ့ ဆန်ထုတ် လုပ်မှုကို ၂၀၁၅ မှာ တန်ချိန် ၉ ဒသမ ၅  သန်း နဲ့ နှစ်စဉ် တင်ပို့မှု တန်ချိန် ၅ သန်းဝန်းကျင်ထိ တိုးမြင့်ဖို့ ရည်ရွယ် ထားပါတယ်။ လတ်တလောမှာ ဆန်တန်ချိန် ၅ ဒသမ ၆ သန်း ထုတ်လုပ်လျက်ရှိပြီး ယခုနှစ်မှာ ဆန်တန်ချိန် ၄ သိန်းတင် ပို့ဖို့ လျာထားပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဆန်တန်ချိန် ၁၇၃၀၀၀ တင်ပို့ခဲ့လို့ ယခုနှစ်မှာ နှစ်ဆခွဲ ကျော်ပိုမိုတင်ပို့ရေး ရည်မှန်း ထားခြင်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ဥရောပအချို့ နိုင်ငံတွေနဲ့ တင်သွင်းခွန် ကင်းလွတ်တဲ့ သဘောတူညီချက်များ လက်မှတ်ရေးထိုးပေမယ့် ယခုနှစ် ဆီဈေးကြီးမြင့်ခြင်းက အီးယူကို ဆန်တင်ပို့မှု အခက်အခဲ ဖြစ်စေပါတယ်။လမင်း၊Source: oryza.com