ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်လအတွင်း ပြည်တွင်းရန်ကုန်ပဲ ဈေး ကွက်က ဈေးအတက်အကျကြီးမားပြီး ကြိမ်နှုန်းများ ခဲ့တဲ့အပြင် ပြည်တွင်းပေါက်ဈေးက ရန်ကုန် FOB ဈေးအထက်မှာရောက်လို့ နေပါတယ်။ အထူးသဖြင့်တော့ ပြည်တွင်းပဲလက်ကျန်များနေသေး တဲ့ မတ်ပဲဈေးကွက်မှာ သိသာခဲ့ပါတယ်။ ဇူလိုင်လလယ် အထိ မတ်ပဲတစ်တန် ၅ သိန်းအောက်မှာရှိခဲ့ရာမှ ဇူလိုင်လကုန်၊ သြဂုတ် လ ပထမပတ်လောက်အထိ တစ်တန် ၆ သိန်းကျော်ထိ တစ်ဟုန် ထိုး တက်လာခဲ့ကာ နောင်ပိုင်းမှာတော့ ၆ သိန်းအောက် ရောက် လိုက်၊ အထက်ရောက်လိုက်နဲ့ ဈေးအပြောင်းအလဲများခဲ့ပါတယ်။
ဒါ့အပြင် ပြည်ပကို ပဲရွေ့သင့်သလောက် မရွေ့ခဲ့ဘဲ ပြည် တွင်းမှာဘဲ ပဲက လည်နေတဲ့ အတွက် သက်ဆိုင်ရာ ဘုရင့်နောင် ကုန်စည်ဒိုင်၊ ပဲခွဲစက်များနဲ့ ကုန်သည်တချို့တို့ရဲ့ ညှိနှိုင်းသုံးသပ် ချက်အရ ကုန်စည်ဒိုင်မှာ လုပ်ကိုင်နေတဲ့ ပွဲစား ၈ ဦးခန့်ကို စက် တင်ဘာလ ၁ ရက်ကစပြီး ပွဲစားလုပ်ပိုင်ခွင့် တရားဝင်ရပ်ဆိုင်းခဲ့ တယ်လို့ ကုန်စည်ဒိုင် တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။ ယခင်အစပိုင်းနှစ်တွေတုန်းကတော့ ကုန်စည်ဒိုင်မှာ ကုန်သည်တွေ ဆီက raw ကို ပဲခွဲစက်ကဝယ်ပြီး RC ဖြစ်တဲ့အခါမှ တိုက်ရိုက် တင်ပို့ရောင်းဝယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ၂၀၀၉ ခုနှစ်လောက်ကစပြီး ကုန်သည်အချင်းချင်း ရောင်းဝယ်ရာမှာ အချိန်တိုအတွင်း မှန်မှန်ကန်ကန်နဲ့ အဆင်ပြေ ပြေ ဆောင်ရွက်နိုင်ဖို့ ကုန်စည်ဒိုင်ရဲ့ စည်းမျဉ်းစည်းကမ်းချက်တွေနဲ့ အညီစာချုပ်ချုပ်ဆိုပြီး ပွဲစားလုပ်ပိုင်ခွင့် ပေးခဲ့ခြင်းဖြစ်တယ်လို့ ဆို ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ စည်းကမ်းပျက်ပြီး ပြည်တွင်း player တွေနဲ့ လက်ဝါးရိုက်နေလို့ ပဲကပြည်တွင်းမှာဘဲ လည်နေ သလို ဈေးကစားမှုတွေဖြစ်လာတဲ့အတွက် ပဲ Supply Chain မှန်ကန်စေဖို့ အခုလို လုပ်ပိုင်ခွင့် ရပ်ဆိုင်းရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလောမှာ အခိုက်အတန့်အနေနဲ့ ဈေးကွက် အရောင်းအဝယ် ပါးကောင်းပါးနိုင်ပေမဲ့ သိပ်မကြာခင် ဈေးကွက် ပုံမှန် လည်ပတ်ပြီး Local ဈေးနှုန်းက FOB ဈေးနဲ့ ကိုက်ညီတဲ့ ဈေးကိုရောက်ရှိနိုင်မယ်လို့ ခန့်မှန်းကြောင်း ဆိုပါတယ်။ လက်ရှိ ကာလဟာ ပုံမှန်အနေနဲ့လည်း အိန္ဒိယဝယ်လက်အေးတဲ့ ကာလ ဖြစ်ပြီး စက်တင်ဘာလကုန်လောက်မှာတော့ အဝယ်ပြန် လိုက်လာ တတ်တယ်လို့ ၎င်းက ဆိုပါတယ်။ ယခုတစ်ပတ်အတွင်းမှာ ပဲမျိုးစုံဈေးပြန်ကျဆင်းလာသလို အရောင်းအဝယ်ဖြစ်မှုလည်း သိသိသာသာ လျော့ကျလာတာ တွေ့ရပါတယ်။ မတ်ပဲအနေနဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်မှာ ပြည်တွင်းဈေး တစ်တန် ကျပ်နှစ်သောင်းဝန်းကျင်ဆင်းလာခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း နည်းတာတွေ့ရပါတယ်။ ပြည်ပ ဝယ်လက်အေးတဲ့အပြင် ပြည်တွင်းဈေးကမြင့်နေတဲ့အတွက် အရောင်းအဝယ်မဖြစ်ဘဲ ဈေးဆင်းလာခြင်းဖြစ်ပါတယ်။ အလားတူပဲစင်းငုံဈေးလည်း တစ်ပတ်အတွင်း ကျပ်တစ် သောင်းဝန်းကျင်ဆင်းလာခဲ့ပြီး အရောင်းအဝယ် ဖြစ်မှု တော်တော် လျော့နည်းတာတွေ့ရပါတယ်။ ပြည်တွင်းလက်ကျန်နည်းလာပြီ ဖြစ်တဲ့အတွက် ကုန်သည်များမှ ထိန်းရောင်းနေလို့ အရောင်း အဝယ်ပါးခြင်းဖြစ်တယ်လို့ သိရပါတယ်။ အပတ်စဉ်တင်ပို့မှုမှာ လည်း လျော့ကျနေတာ တွေ့ရပါတယ်။ အသစ်ဝင်လာတဲ့ ပဲတီစိမ်းများကို ဈေးအမြင့်မှာ အရောင်း အဝယ်ဖြစ်နေခဲ့ရာမှ ယခုတစ်ပတ်မှာေ တာ့ ပြန်လည်လျော့ကျလာ ခဲ့ပါတယ်။ တစ်ပတ်အတွင်း တစ်တန် ကျပ်တစ်သောင်းကျော် လျော့ ကျ ရောင်းဝယ်ခဲ့သလို ပြည်ပတင်ပို့မှုမှာလည်း လျော့ကျနေ ပါတယ်။ လက်ကျန်နည်းလာပြီး ပြည်တွင်း အသုံးများလို့ ကုလားပဲ တင်ပို့မှုလည်း လျော့ကျသလို အရောင်းအဝယ် ဖြစ်မှုလည်း နည်း နေပါတယ်။ အခြားပဲတွေထဲမှာ ပဲလွန်းဖြူကတော့ အရောင်း အဝယ်ဖြစ်မှုများသလိုမြေထောက်ပဲလည်းအသင့်အတင့် အရောင်း အဝယ်ရှိကြောင်း သိရပါတယ်။ယမင်းခင်