Main menu

Background

အိန္ဒိယ ပဲမျိုးစုံအထွက်နှုန်း ၂ ဆ တိုးဖို့ ဆောင်ရွက်

Mon, 09/03/2012 - 06:30 -- Anonymous (not verified)

Co 6 ပဲတီစိမ်းအခြေခံမျိုးစေ့ ထုတ်လုပ်မှု ပြပွဲကို အိန္ဒိယ နိုင်ငံ တမီလ်နာဒူး စိုက်ပျိုးရေးတက္ကသိုလ်(TNAU) မှာ လွန်ခဲ့တဲ့ သီတင်းပတ်မှာ ကျင်းပခဲ့ပါတယ်။ မျိုးစေ့စိုက်ပျိုးသူ များ၊ လယ်သမားများ၊ သိပ္ပံပညာရှင်များနဲ့ သုတေသနပညာ ရှင် စုစုပေါင်း ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရပါ တယ်။ ယင်းအခမ်းအနားမှာ Co 6 ပဲတီစိမ်းမျိုး စိုက်ပျိုးမှု အကျိုးအမြတ်အတွက် အဓိကထားပြောကြားကြောင်းသိရ ပါတယ်။ အိန္ဒိယမှာ ပဲမျိုးစုံထုတ်လုပ်မှုက ပြည်တွင်းဝယ်လို အားထက် အလွန်ပဲ နိမ့်ကျနေတယ်လို့ TNAU ဒုတိယ ခေါင်းဆောင် Subbian မှ ပြောကြား ပါတယ်။

၂၀၃၀ မှာ ပြည်တွင်းလိုအပ်ချက်က တန်ချိန် ၃၂ သန်း အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အနာဂတ် ဝယ်လိုအား ပြည့်မီဖို့ဆိုရင် ပဲမျိုးစုံ ထုတ်လုပ်မှုကို လက်ရှိ တစ်ဟက်တာ ပျမ်းမျှ ၆၃၇ ကီလိုရှိရာမှ ကီလို ၁၃၆၅ အထိ ၂ ဆထိ တိုးမြင့်သင့်တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်စိုက်ပျိုးမှု ဖွံ့ဖြိုးရေးပရိုဂျက်အရ TNAU  ကတော့  အရည်အသွေး ကောင်း မျိုးစေ့ရော ပဲထုတ်လုပ်မှုကိုပါ တိုးမြှင့်ရေးမှာ ပါဝင် ဆောင်ရွက်နေပါတယ်။ အဲဒီစီမံကိန်းအရ ပြည်နယ်တွေရဲ့ မျိုးစေ့ လိုအပ်ချက်ပြည့်မီဖို့ ပဲမျိုးစေ့ တန်ချိန် ၁၀၀ ဝန်းကျင် ထုတ်လုပ်ဖို့ အဆိုပြုထားကြောင်း Subbian  မှ ဆိုပါတယ်။ ကန်ထရိုက်မှာပါဝင်တဲ့ တောင်သူတွေကို မျိုးရိုးမြှင့်တင်ထားတဲ့ မျိုးစေ့၊ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးလို သွင်းအားစုများ လည်း ဖြန့်ဖြူးထားပါတယ်။ Co  6  ပဲတီစိမ်းမျိုးစေ့ဟာ အကျိုးများစွာရရှိပေမယ့် ပဲစိုက်ပျိုးသူကြားမှာတော့ လူသိနည်းသေးတယ်လို့ TNAU မျိုးစေ့စင်တာ အထူးအရာရှိ M Bhaskaran  မှ ပြောကြား ပါတယ်။ ဒီစီမံကိန်းရဲ့ ရည်ရွယ်ချက်က မျိုးစေ့လူသိ များပြီး အသုံးမြှင့်တင်ဖို့ဖြစ်ပါတယ်။ မျိုးစေ့ထုတ်လုပ်မှု စီမံကိန်းကို မျိုးစေ့ရောင်းချမှု ကွင်းဆက်အတွင်း အခြေခံ မျိုးစေ့ ထုတ် လုပ်ဖို့ တောင်သူတွေနဲ့ စာချုပ်ချုပ်ဆိုခြင်းဖြင့် အကောင် အထည်ဖော်နေပြီး၊ အဲဒီတောင်သူတွေကို အသိအမှတ်ပြု ထားတဲ့ မျိုးစေ့များဖြန့်ဝေခြင်းဖြင့် ဆောင်ရွက်နေတာ ဖြစ် ပါတယ်။ နည်းပညာထောက်ပံ့မှုများအပြင် ကန်ထရိုက်တောင်သူ များကို စိုက်ပျိုးစရိတ် ရူပီး ၂၅၀၀ (ကန်ဒေါ်လာ ၄၅) အပါအဝင် တစ်ဟက်တာကို သွင်းအားစုအတွက် စုစုပေါင်း ရူပီး ၁၀၀၀၀(ကန်ဒေါ်လာ ၁၈၀) ထောက်ပံ့ကြောင်း သိရပါ တယ်။ သဘောတူညီချက်အရ ရိတ်သိမ်းပြီးတဲ့ မျိုးစေ့တွေကို ကုမ္ပဏီအဖွဲ့က ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းကို တစ်ကီလို ရူပီး ၆၅ (ကန်ဒေါ်လာ ၁ ဒသမ ၁၇)နဲ့ လည်းကောင်း၊ ပဲလွန်းကို တစ်ကီလို ရူပီး ၅၃ (ကန်ဒေါ်လာ သုည ဒသမ ၉၅)နဲ့ လည်း ကောင်း၊ ပဲပိစပ်ကို တစ်ကီလို ရူပီး ၃၈(ကန်ဒေါ်လာ သုည ဒသမ ၆၈) နဲ့လည်းကောင်း ဝယ်ယူမှာဖြစ်ပါတယ်။ အကောင်အထည်ဖော်နေတဲ့ ပြည်နယ်ရဲ့ ပဲ နှစ်စဉ်လို အပ်ချက်က တန်ချိန် ၇ သိန်းဝန်းကျင်ရှိပေမယ့် လက်ရှိ ထုတ်လုပ်မှုကတော့ တန်ချိန် ၂ သိန်းထက် လျော့တယ်လို့ သိရပါတယ်။ယမင်းခင်၊ Source: