Main menu

Background

မူဆယ်နယ်စပ်မှ ပဲပုပ်စေ့၊ ထောပတ်ပဲ၊ ပဲယင်းနဲ့ ပဲနီကြားများ တင်ပို့မှုပို

Mon, 09/03/2012 - 06:37 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှသြဂုတ်လ ၂၂ ရက်မှ ၂၈ ရက် ထိကာလအတွင်းမှာ ပဲပုပ်စေ့၊ ထောပတ်ပဲ၊ ပဲယင်းနဲ့ပဲနီကြား များ ယခင်အပတ်ကထက် တင်ပို့မှုပိုမိုခဲ့ပါတယ်။

ယခုအပတ်မှာ ကန်ဒေါ်လာသုည ဒသမ ၁၄၇ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ ၂၀၄ တန်ကျော်၊ ကန်ဒေါ်လာသုညဒသမ ၁၆၁ သန်းတန်ဖိုးရှိ ထောပတ်ပဲတန် ၂၈၀ ကျော်၊ ကန်ဒေါ်လာသုညဒသမ ၁၂၅ သန်းတန်ဖိုးရှိ ပဲယင်း ၂၅၆ တန်ကျော်နဲ့ကန်ဒေါ်လာသုညဒသမ ၀၆၈ သန်းတန်ဖိုးရှိ ပဲနီကြား ၈၇ တန်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲပုပ်စေ့ ၆၈ တန် ကျော်၊ ထောပတ်ပဲ တန် ၁၃၀ ကျော်၊ ပဲနီကြား ၁၄ တန်အပို့ပိုခဲ့ပြီး ပဲယင်းကိုတော့ ယခင်အပတ်က အပို့မရှိခဲ့ဘူးလို့သိရပါတယ်။  MIRT(DOBT)