Main menu

Background

မိုးပုလဲပန်းတွေ လက်ဆောင်ပေးပါ

Mon, 09/03/2012 - 06:37 -- Anonymous (not verified)

ယခုရက်ပိုင်းအတွင်း မြို့နယ်တာဝန်အနေနဲ့ ကျေးရွာအတော်များများကို ကွင်းဆင်းဆောင်ရွက်ခဲ့ရလို့ သြဂုတ်လ ၂၆ ရက်က မြိုင်မြို့နယ်၊ ၂၉ ရက်မှာ ပခုက္ကူမြို့နယ်ထဲက ချိုင်းကျေးရွာအုပ်စုကိုရောက်ခဲ့ပါတယ်။ နယ်တွေကို ကွင်း ဆင်းရင်း ကျွဲကူးရေပါဆိုသလို စိုက်ရေးပျိုးရေး၊ သီးနှံအထွက်ဆိုတာတွေကို လေ့လာ စူးစမ်း မေးမြန်းဖြစ်ခဲ့ပါတယ်။

ရာသီဥတုဖောက်ပြန်မှုကတော့ ဧရာဝတီ၊ ပဲခူး၊ ကရင်ပြည်နယ်စတာတွေမှာ မိုးကြီးပြီး စိုက်ပျိုးလယ်ဧကေ တွ ရေနစ်မြုပ်တဲ့ သတင်းတွေ ဖတ်ရကြားရသိရသလို ကိုယ့်ဒေသ အညာ၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး မှာကတော့ မိုးလိုနေ၊ မိုးမျှော်နေခဲ့တဲ့အနေအထားပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ အညာ တောင်သူတွေအနေနဲ့ ဇူလိုင်လမှာ မိုးနည်းခဲ့ပေမဲ့ သြဂုတ်လမှာရွာတဲ့မိုး အရ "တစ်မိုးတင်ရေ မဆုံးစေနဲ့" ရွာခဲ့တဲ့မိုးနဲ့ ခါတော်မီ စိုက်နိုင်တဲ့သီးနှံကို ထွန် ယက်ရင်းလေ့လာ၊ ဆန်းစစ်၊ဝေဖန်၊ သုံးသပ်ဆုံးဖြတ်ခဲ့ကြရပါပြီ။ပဲတီစိမ်း၊ ကုလားပဲ၊ ပြောင်းစိုက်မလား၊ အညာအခေါ် ပဲလေး (သုံးလမြေပဲ) ဆိုတာစိုက် မလား၊ စိုက် ပျိုးရေးကိုအခြေခံတဲ့ ကိုယ့်နိုင်ငံက တောင်သူတွေအထွက် အသီးအနှံ၊ အခက် အလက် ဝေဖြာစေဖို့ ဆည်မြောင်း၊ ချောင်းကန်ပြည့်လျှံတိုးအောင် 'မိုးလုံးမဲမျှ' မရွာစေချင်ဘဲ၊ ဆည်မြောင်း၊ ချောင်းကန်အသစ်အမှန်ဖြိုးအောင်၊ 'ပုလဲလုံးရွဲအလှ' ရွာစေချင်တာ စေတနာအမှန်ပါ။ ဒါကြောင့် မိုးပုလဲပန်းတွေ လက်ဆောင်ပေးပါလို့ ဆန္ဒပြု လိုက်ရပါတယ်။                     မြင့်ဦး