Main menu

Background

ကျောက်ပန်းတောင်း မန်ကျည်းအသားဈေး အနည်းငယ်ပိုလာ

Mon, 09/03/2012 - 06:41 -- Anonymous (not verified)

ကျောက်ပန်းတောင်း မန်ကျည်းဈေးကွက်မှာ မန်ကျည်းအသားထိပ်စမှာ ယခုရက်ပိုင်း ဈေးပိုလာတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းမှ စပေါ်ခဲ့တဲ့ မန်ကျည်းဟာ ယခုနှစ်အထွက်လှိုင် သလို ပြည်ပဝယ်လို အား ကောင်းလို့ ရန်ကုန် (ဘုရင့်နောင်) ဝယ်လက်အဆွဲများခဲ့ပါတယ်။

သီးနှံပေါ်စက ဈေးကောင်းရေ သာ် လည်း၊ နောက်ပိုင်းသီးနှံလှိုင်ချိန်မှာတော့ ဝယ်လိုအားကောင်းသော်လည်း ဈေး ကျလာရာ မန်ကျည်း အသားတစ် ပိဿာ ၅၅၀ ကျပ်၊ ၆၈၀ ကျပ်၊ အစေ့ပါအကြော မပါတစ်ပိဿာ ၃၀၀ ကျပ်၊ ၃၃၀ ကျပ်၊ ဓါးစင်းတစ်ပိဿာ ၄၀၀ ကျပ် ထိဈေးကျ ခဲ့ပါတယ်။ နောက်ပိုင်း ဈေးအေးလာတဲ့အတွက် လှောင်လက်သမားများအနေနဲ့ ဝယ်ဈေး၊ လှောင် ချိန် ပေါ်မူတည်ပြီး၊ ရန်ကုန် (ဘုရင့်နောင်) ကို တင်ပို့မှုနည်းလာပါ တယ်။ ရန်ကုန်(ဘုရင့်နောင်)ဝယ်လက် ကလည်း ဈေးကွက်ကိုအဝင်နည်းတာကြောင့် ဈေးမြှင့်ဝယ်ယူ လာလို့ မန်ကျည်းအသားတစ်ပိဿာကို နယ်ဈေး ၈၀၀ ကျပ်နဲ့ ဝယ်ယူလာတယ်လို့ မန်ကျည်းကုန်သည်များရဲ့ ပြောကြားချက်အရ သိရပါတယ်။ ခင်ပပနိုင်