Main menu

Background

အိန္ဒိယနနွင်းစိုက်ပျိုးသူအချို့မှ ဈေးအနိမ့်နဲ့ မရောင်းချလို၊ စိုက်ဧကလျော့လို့ နနွင်းကြိုပွိုင့်ဈေး အနည်းငယ်တိုး

Mon, 09/03/2012 - 06:46 -- Anonymous (not verified)

အိန္ဒိယနနွင်းတောင်သူများအသင်းမှ ၎င်း တို့နနွင်းများကို တစ်တန် ရူပီး ၉၀၀၀၀ (ကန်ဒေါ်လာ ၁၆၁၈) အောက်ဈေးနဲ့ မရောင်းချဖို့ ပြောကြားပေမဲ့ အချို့တောင်သူတွေကတော့ တစ်တန် ရူပီး ၆၈၀၀၀(ကန်ဒေါ်လာ ၁၂၂၂)ဝန်းကျင်ဈေးနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ နနွင်းဈေးကွက်တွေကို နနွင်းအိတ်ဝင်ရောက်မှု အနည်းငယ် စီရှိပြီး၊ ရောင်းချမှုတော့ အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။

အီရော့ နနွင်းကုန်သည်များ အသင်းဥက္ကဌ မစ္စတာအာ ကေဗွီရာဗီရှန်ကာမှ ပြောကြားရာမှာ ကုန်သည်တွေက နနွင်း အော်ဒါအသစ်များ စောင့်မျှော်လျက်ရှိပြီး၊ နိုဝင်ဘာ လကုန် ဒီဇင်ဘာလယ်လောက်မှသာ ဈေးနှုန်းမြင့်တက် နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီမတိုင်ခင်တော့ တစ်တန် ရူပီး ၉၀၀၀၀ (ကန်ဒေါ်လာ ၁၆၁၈)အောက်မှာပဲ ရှိဦးမယ်လို့ ဆိုပါတယ်။ အီရော့ နနွင်းလေလံဈေးကွက်မှာတော့ ကုန်သည်နဲ့ တောင်သူများအကြားမှာ ဈေးနှုန်းအငြင်းပွားမှုတွေ ရှိနေလို့ ဈေးကွက်စင်တာ ၄ ခုမှာ လေလံမရှိဘူးလို့ ဆိုပါတယ်။ တောင်သူအုပ်စုကတော့ နနွင်းတစ်တန် ရူပီး ၉ သောင်း အထက် ရောင်းလိုတဲ့အတွက် အစိုးရမှ ရောင်းဈေးနှုန်း သတ်မှတ်ပေးဖို့ တောင်းဆိုထားပေမယ့် ကုန်သည် တွေ ကတော့ ဝယ်လိုအားမရှိလို့ ဈေးနှုန်းသတ်မှတ်မှုကို ငြင်းဆို လျက်ရှိပါတယ်။ ဒါပေမယ့် တောင်သူ လေးပုံတစ်ပုံ လောက် တော့ တစ်တန် ရူပီး ၇၀၀၀၀ (ကန်ဒေါ်လာ ၁၂၅၈) ထက် လျော့ပြီး ရောင်းချနေကြပါတယ်။ ကြိုပွိုင့်ဈေးကွက်မှာတော့ ပြည်ပဝယ်လိုအားတက်လာ မယ့်အလားအလာနဲ့ စိုက်ဧရိယာ လျော့ကျတဲ့ အတွက် ဈေး မြင့် တက်လာပါတယ်။  NCDEX ကြိုပွိုင့်ဈေးကွက်မှာ စက် တင်ဘာ နနွင်းစာချုပ်ဈေးက ၄ ရာခိုင်နှုန်း တိုးလာပြီး၊ တစ်တန် ရူပီး ၆၂၂၆၀ (ကန်ဒေါ်လာ ၁၁၁၉)ဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ နနွင်းစိုက်တဲ့ အဓိကဒေသတွေမှာ မိုးရွာသွန်းမှု အနည်းငယ်တိုးတက်လာပေမယ့် လိုအပ် သလောက် မရရှိဘူးလို့ သိရပါတယ်။ တမီလ်နာဒူးပြည်နယ် အချို့ဒေသတွေမှာ မိုးနည်းလို့ အထွက်နှုန်းကို ထိခိုက်နိုင် တယ်လို့ကုန်သည်တစ်ဦးက ဆိုပါတယ်။ နီဇမ်မာဘတ်ဈေးကွက်မှာ နနွင်းလက်ငင်းဈေးက သြဂုတ်လ၂၈ ရက်မှာ ဈေးအနည်းငယ်တိုးပြီး၊ တစ်တန် ရူပီး ၅၅၉၀၀(ကန်ဒေါ်လာ ၁၀၀၅)ဈေးဖြစ်ခဲ့ပါတယ်။ နနွင်းကို ဇွန်လနဲ့ သြဂုတ်လအကြား စိုက်ပျိုးပြီး၊ ၉ လကြာမှ ရိတ်သိမ်း ရတာဖြစ်ပါတယ်။ယမင်းခင်ှSource: hindubusiness