Main menu

Background

ရေနံထုတ်လုပ်သော နိုင်ငံများအား ထုတ်လုပ်မှု မြှင့်တင်ပေးရန် G7 အဖွဲ့ဝင်နိုင်ငံများက မေတ္တာရပ်ခံ

Mon, 09/03/2012 - 06:51 -- Anonymous (not verified)

မြင့်မားလာတဲ့ ရေနံစိမ်းဈေးနှုန်းတွေကြောင့် G7  နိုင်ငံတွရဲ့စီးပွားရေးကို ခြိမ်းခြောက်မှုတွေဖြစ်စေနိုင် ရာ ရေနံထုတ်လုပ်တဲ့နိုင်ငံတွေမှ ရေနံထုတ် လုပ်မှုမြှင့်တင်သွားဖို့ G7  အဖွဲ့ဝင်နိုင်ငံတွေက မေတ္တာရပ်ခံလိုက်တယ်လို့ အမေရိကန်ငွေတိုက်ဌာနက သြဂုတ် ၂၉ ရက်မှာထုတ်ပြန်တဲ့ ပူးတွဲကြေညာချက် တစ်စောင်မှာ ဖော်ပြထားတယ်။

ွ၇ က အဖွဲ့ဝင် ၂၈ နိုင်ငံရှိတဲ့ နိုင်ငံတကာစွမ်းအင်အေဂျင်စီကိုလည်း ဈေးကွက်အတွင်း ရေနံရောင်းလိုအား အပြည့်အ၀ ရှိနေစေရေးအတွက် ဆောင်ရွက်သွားရေး မေတ္တာရပ်ခံသွားဖို့လည်း စီစဉ်ထားကြောင်း သိရတယ်။ လက်ရှိရေနံစိမ်းဈေးနှုန်းက ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဈေးနှုန်းနဲ့ ယှဉ်ရင် ၂၄ ရာခိုင်နှုန်း ဈေးမြင့်လာခဲ့ပြီဖြစ်တယ်။ အမေရိကန်မှာ ရေနံစိမ်းသိုလှောင်ထားမှုနှုန်း ကျဆင်းခြင်းနဲ့ အီးယူဒေသက အီရန်ဆီမှ ရေနံတင်သွင်း မှုကို အရေးယူပိတ်ဆို့လိုက်ခြင်းတို့က ရေနံရောင်းလိုအားကို ကျဆင်းစေရာ ဈေးနှုန်း ပါ မြင့်မားလာတယ်။အကျိုးဆက်ကြောင့် ဓာတ်ဆီနဲ့ ဒီဇယ်ဆီဈေးနှုန်းတွေပါ မြင့်မားလာပြီး ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုအပေါ် ထပ်မံဖိအားဖြစ်စေတယ်။ နိုင်ငံတကာ ရန်ပုံငွေအဖွဲ့(IMF)ကလည်း ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းကို လျှော့ချခန့်မှန်းလာတယ်။ ဧပြီလအတွင်း IMF က ၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်နှုန်းကို ၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်မယ် ခန့်မှန်းထားသော်လည်း ဇူလိုင်လမှာ လျှော့ချခန့်မှန်းလိုက်ရာ ၃ ဒသမ ၉ ရာခိုင်နှုန်း သာ တိုးတက်မယ်လို့ ခန့်မှန်းကြောင်း သိရတယ်။Source:bloomberg.com,  ပပ