Main menu

Background

အေဂျီဒီဘဏ်၏ နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာများတွင် အကန့်အသတ်ဖြင့်သာ ဝယ်ယူလျက်ရှိ

Mon, 09/03/2012 - 06:56 -- Anonymous (not verified)

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ငွေလဲကောင်တာများတွင် ယခုအခါ၌ နိုင်ငံခြားငွေများကို အကန့်အသတ်ဖြင့်သာ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

ယခင်က အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာများတွင် လူတစ်ဦးလျင် အမေရိကန်  ဒေါ်လာတစ်သောင်းပမာဏနှင့်ညီမျှသော နိုင်ငံခြားငွေများကို မည်သည့်စာရွက်စာတမ်းမှမလို ဘဲ နေ့စဉ်လဲလှယ်ပေးခဲ့သည်။ ထိုကဲ့သို့လဲလှယ်ပေးခဲ့ရာတွင် နေ့စဉ်လိုလို အလွန်များပြားသော လူအရေအတွက်တို့သည် အလွန်များပြားသော နိုင်ငံခြားငွေ ပမာဏများကို လာရောက်ရောင်းချခြင်းတို့ကြောင့် ဘဏ်မှ ငွေကြေးကိုင်တွယ်ရမှုများ ပိုမိုများလာကြောင်း၊ ရာနှင့်ချီသော လာရောက်ရောင်းချသူများအနေဖြင့်လည်း အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရခြင်းများဖြစ်ပေါ်လာကြောင်း၊ ထို့ကြောင့် အများအပြား လာရောက်ရောင်းချသူများအတွက် ဘဏ်အနေဖြင့် အကောင်းဆုံးနှင့် အဆင်အပြေဆုံးဖြစ်စေရန် ကောင်တာ အသစ်များ ထပ်မံဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အေဂျီဒီဘဏ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ထို့ပြင် အေဂျီဒီဘဏ်ရှိ နိုင်ငံခြားငွေလဲလှယ်သည့်ကောင်တာများတွင် လာရောက်ဝယ်ယူသူထက် လာရောက်ရောင်းချ သူ များကသာ ပိုမိုများပြားနေခြင်းကြောင့် ယခုကဲ့သို့ ကောင်တာအသစ်များ ဖွင့်လှစ်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းကထပ်မံပြော ကြားသည်။ ထိုကဲ့သို့ပြင်ဆင်ဆောင်ရွက်နေစဉ်အချိန်အတွင်း အများပြည်သူများအဆင်ပြေစေရန် အတွက် တုံကင်စနစ် ကျင့် သုံးခြင်းနှင့် ပိုမိုလျင်မြန်စေရန် ငွေပမာဏကန့်သတ်ဝယ်ယူခြင်းတို့ကို သြဂုတ် ၂၈ ရက်မှစတင်၍ ကျင့်သုံးလျက်ရှိကြောင်း သိရသည်။ ကန့်သတ်ဝယ်ယူသည့်ငွေပမာဏမှာ လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်ထောင်၊ စင်ကာပူဒေါ်လာ တစ် ထောင်နှင့် ယူရိုငွေတစ်ထောင်သာ လဲလှယ်ပေးနိုင်တော့ မည်ဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ ကြေညာထား ကြောင်း သိရသည်။      မယ်သီတာ