Main menu

Background

၂၅-၈-၂၀၁၂ မှ ၃၁-၈-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ

Mon, 09/03/2012 - 06:52 -- Anonymous (not verified)

ပင်လယ်ရေကြောင်းလမ်းမှ တန် လေးသောင်းနီးပါး အဝင်ရှိသီတင်းတစ်ပတ်ဖြစ်တဲ့ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်တာ ကာလအတွင်း ဓာတ်ဆီ တန်ချိန် ၃၁၀၀ တန်နဲ့ ဒီဇယ်တန်ချိန် ၃၅၂၉၃ ဒသမ ၃၁ တန်ကို ကုမ္ပဏီ ၁၂ ခုမှ သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ဈေးက အရောင်းပုံမှန်ရှိတယ်လို့ သိရ ပါတယ်။

 
ပြင်ပဆိုင်မှာ ယခင်တစ်ပတ်က တစ်ဂါလန်ကို ၄၂၀၀ ကျပ်ရှိခဲ့တဲ့ ဓာတ်ဆီ က သြဂုတ် ၂၇ ရက်မှာ ကျပ် ၄၀၀၀ သို့ဈေးကျလာပြီး နောက်ရက်များတွင် ကျပ် ၄၁၀၀-၄၂၀၀ ပြန်ဖြစ်လာပါတယ်။ ဒီဇယ်က ယခင်တစ်ပတ်ဈေးထက် ၁၀၀ ကျပ်ဝန်းကျင်ဈေးတက်လာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ် ဆီ၊ ဒီဇယ်ဈေးက ယခင်ဈေးအတိုင်းဖြစ်ပေမဲ့ အောက်တိန်းနဲ့ အဆင့်မြင့်ဒီဇယ်ဈေး က တစ်ဂါလန်ကို ၅၀ ကျပ်ဈေးတက်လာပါတယ်။ ဒီတစ်ပတ်ရဲ့ ပုဂ္ဂလိကစက်သုံးဆီ ဆိုင်ရဲ့ ဈေးနှုန်းတွေက ဓာတ်ဆီ တစ်ဂါလန် ၃၅၅၀ ကျပ်၊ ဒီဇယ် ၃၈၅၀ ကျပ်၊ အောက်တိန်း ၃၉၅၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၃၉၅၀ ကျပ်ဖြစ်ပါတယ်။ ပြင်ပဆိုင်ရဲ့ ဓာတ်ဆီဈေးက ၄၁၀၀-၄၂၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်က ၃၇၀၀-၃၈၀၀ ကျပ်ဈေးရှိ တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ပြင်ပဆိုင်ရဲ့ ဒီဇယ်ဈေးက အတက်အကျမရှိငြိမ်နေပေမယ့် ဓာတ်ဆီ ဈေးက အနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဒီဇယ် ဈေးက ယခင်တစ်ပတ်ဈေးထက် ၁၀၀ ကျပ်ဈေးကျလာပါတယ်။ ဒီတစ်ပတ်ပြင်ပ ဆိုင်ရဲ့ဓာတ်ဆီဈေးက တစ်ဂါလန် ကျပ် ၄၂၀၀ ဖြစ်ပြီး ဒီဇယ်ဈေးက ကျပ် ၃၈၀၀ ဖြစ်ပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေးက တစ်ဂါလန် ကျပ် ၃၇၀၀ ဖြစ်ပြီး ဒီဇယ်ဈေးက ကျပ် ၃၉၀၀ ဖြစ်တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ  ဓာတ်ဆီ၊ ဒီဇယ်ဈေးက အရောင်းပုံမှန်ရှိတယ်လို့ သိရပါ တယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေးက ယခင်တစ်ပတ်ဈေးထက် တစ်ဂါ လန်ကို ၁၀၀ ကျပ်ဈေးတက်လာသလို ဒီဇယ်ဈေးကလည်း ၁၀၀ ကျပ်ဈေးမြင့်လာ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ရဲ့ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေးက တစ်ဂါလန် ကျပ် ၃၈၀၀ ဖြစ်ပြီး ဒီဇယ်ဈေးက ကျပ် ၄၀၀၀ ဖြစ်တယ်လို့သိရပါတယ်။ ပြင်ပဆိုင်ရဲ့ ဓာတ်ဆီရောင်းဈေးက ယခင်တစ်ပတ်ဈေးအတိုင်း ငြိမ်နေပေမဲ့ ဒီဇယ် ဈေးက တစ်ဂါလန် ကျပ် ၁၀၀ ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပြင်ပ ဆိုင်ရဲ့ ဓာတ်ဆီဈေးက တစ်ဂါလန် ကျပ် ၄၂၀၀ ဖြစ်ပြီး ဒီဇယ်က တစ်ဂါလန်ကို ကျပ် ၃၆၀၀ ဈေးရှိတယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က အရောင်းပုံမှန်ရှိတယ်လို့ သိရ ပါတယ်။ ပုံမှန်အရောင်းအဝယ်ရှိနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးက ဒီတစ်ပတ်မှာ အတက်မကျ မရှိငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်လည်း အတက်အကျမရှိသလို ပြင်ပဆိုင်တွေမှာလည်း အတက်အကျမရှိဘူး။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းတွေက ဓာတ်ဆီတစ်ဂါလန် ၃၆၅၀ ကျပ်နဲ့ ဒီဇယ်က ကျပ် ၃၈၀၀ နဲ့ အောက်တိန်းက ကျပ် ၄၀၀၀ ဈေးဖြစ်ပြီး ပြင်ပဆိုင်ရဲ့ ဈေးတွေက ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၄၉၀၀ ကျပ်၊ အောက်တိန်း ၄၁၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။                              MIRT-DOTနယ်စပ်မှ ဓာတ်ဆီနဲ့ ဒီဇယ် အသွင်းလျော့သြဂုတ် ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၁၉ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၃၅၈၈၂ ဂါလန် တင်သွင်းခဲ့ပြီး ကန်ဒေါ်လာ သုည ဒသမ ၄၆၉ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၁၂၄၉၇၃ ဂါလန် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက်တင်သွင်းမှုတွေကတော့ ဓါတ်ဆီကို ချင်းရွှေဟော်မှ ၂၃၁၀ ဂါလန်၊ တာချီလိတ်မှ ၁၈၁၇၂ ဂါလန်နဲ့ မြိတ်မှ ၁၅၄၀၀ ဂါလန်၊ ဒီဇယ်ဆီကို တာချီလိတ်မှ ၅၂၇၈၅ဂါလန်ကျော်နဲ့ မြိတ်မှ ၇၂၈၁၈၈ ဂါလန်ကျော် အသီးသီးတင်သွင်းခဲ့တာ ဖြစ်ပါတယ်။                       CMK
 
၂၅-၈-၂၀၁၂ မှ  ၃၁-၈-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ

စဉ်
နယ်စပ်စခန်း
ရေတွက်ပုံ
ဓာတ်ဆီဈေးနှုန်း
ဒီဇယ်ဈေးနှုန်း

တရုတ်

(ကျပ်)
(ကျပ်)

၁။  
မူဆယ်
ဂါလန်
3850
4050

၂။
လွယ်ဂျယ်
ဂါလန်
4200
4150

၃။
ချင်းရွှေဟော်
ဂါလန်
4000
4000

ထိုင်း

(ကျပ်)
(ကျပ်)

၁။
ကော့သောင်း
ဂါလန်
3900
3500

၂။
မြဝတီ
ဂါလန်
3400
3400

၃။
တာချီလိတ်
ဂါလန်
3808
3865

အိန္ဒိယ

(ကျပ်)
(ကျပ်)

၁။
တမူး
ဂါလန်
4035
4350

ဘင်္ဂလားဒေ့ရှ်

(ကျပ်)
(ကျပ်)

၁။
စစ်တွေ
ဂါလန်
4400
3500

၂။
မောင်တော
ဂါလန်
6000
4200