Main menu

Background

အတက်မြန်ပြီး အကျနှေးနေဆဲ မြန်မာ့ရွှေဈေးကွက်

Mon, 09/03/2012 - 06:57 -- Anonymous (not verified)

ယခုတစ်ပတ်တွင်  မြန်မာ့ရွှေဈေး ကွက်သည် အကျဘက်သို့ ဦးတည်နေ သော်လည်း အကျနှေးနေသည်ကိုတွေ့ ရှိရသည်။

သြဂုတ် ၂၇ ရက်တွင် မြန်မာ့ရွှေ ဈေးသည် အခေါက်ရွှေ တစ်ကျပ်သား လျင် ကျပ် ၇၆၀၀၀၀ အထိ မြင့်တက် လာခဲ့သော်လည်း  ယနေ့နောက်ပိုင်း တွင် နေ့စဉ် ကျဆင်းလျက်ရှိသည်ကို တွေ့ရသည်။ သြဂုတ် ၂၈ရက်တွင် ကျပ် ၇၅၆၅၀၀ ရှိခဲ့ပြီး သြဂုတ် ၂၉ရက်တွင် ကျပ် ၇၅၈၅၀၀သို့ပြန်တက်လာခဲ့သည်။ သို့သော် သြဂုတ် ၃၀ ရက်တွင် ကျပ် ၇၅၆၇၀၀ သို့  ပြန်ကျလာခဲ့သည်။ သြဂုတ်  ၃၁ ရက်တွင် မြန်မာ့ရွှေဈေး သည် ကျပ် ၇၅၆၃၀၀ သာဖြစ်ခဲ့ရာ အကျဘက်သို့ဦးတည်နေသည်ဟု ပြော ၍ရသော်လည်း ရာဂဏန်းမျှသာ ကျ ဆင်းနေသည့်အတွက် ရွှေဈေးကျသည် ဟု ပြော၍မရနိုင်ကြောင်း ရွှေကုန်သည် တစ်ဦးက သုံးသပ်ပြခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်  သြဂုတ် ၂၇ ရက်က တစ်အောင်စလျင် ၁၆၇၅ ဒေါ် လာအထိမြင့်တက်ခဲ့သော်လည်းသြဂုတ်  ၃၁ ရက်တွင် ၁၆၅၉ဒေါ်လာသို့ ကျ ဆင်းခဲ့ရာ တစ်ပတ်အတွင်း ၁၆ဒေါ်လာ သာကျဆင်းခဲ့သည်ကို တွေ့ရသည်။''ဒီတစ်ပတ် မြန်မာ့ရွှေဈေးက ကျ ရိပ်မှာ ရှိတယ်ဆိုပေမယ့် တက်တုန်းက ဝုန်းဒိုင်းနဲ့တစ်ပတ်အတွင်းကို ကျပ်တစ် သောင်းခွဲလောက် တက်သွားပြီးမှ ပြန် ကျတော့ နည်းနည်းစီပဲ ကျတာ။ တစ် ပတ်အတွင်းမှာ  ပြန်ကျတာက သုံး ထောင်စွန်းစွန်းလောက်ပဲရှိတာဆိုတော့ ဒါကိုပြန်ကျတယ်လို့ မဆိုနိုင်သေးဘူး။ ရွှေဈေးအတက်မှာ တက်လာနိုင်သေး တယ်လို့ ခန့်မှန်းထားကြတဲ့အတွက် ရွှေ ဝယ်ရောင်းလုပ်တဲ့သူတွေက ကိုင်ထား ကြတုန်းပဲ။ ဈေးစလှုပ်ပြီးဆိုရင်တော့ ဝယ်ရောင်းသမားတွေ လှုပ်လာကြမှာ ပဲ။ နောက်ပြီး ဒေါ်လာဈေးကလည်း မဆိုစလောက်ကလေးပဲ    ကျတာ။ဒေါ်လာဈေးကလည်း ငြိမ်နေတဲ့အချိန် ကမ္ဘာ့ရွှေဈေးကလည်း နည်းနည်းပဲကျ တဲ့အချိန်ဆိုတော့ ရွှေဈေးက အကျနှေး နေခဲ့တာပါ''ဟု သုံးသပ်ပြခဲ့သည်။မယ်သီတာ