Main menu

Background

ငွေကြေးတန်ဖိုးများ ကျဆင်းမည် ခန့်မှန်းလာကြပြီး ရွှေဝယ်လိုအားများလာသဖြင့် ရွှေဈေးနှုန်းများ ဧပြီ ၁၃ ရက်နောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်းသို့ရောက်ရှိလာ

Mon, 09/03/2012 - 06:58 -- Anonymous (not verified)

အမေရိကန်အစတရုတ်အဆုံး ကမ္ဘာ့ စီးပွားရေး   အင်အားကြီးနိုင်ငံတွေမှ အစိုးရများက  စီးပွားရေး  ဖွံ့ဖြိုးတိုး တက်မှုကို အားဖြည့်ပေးဖို့ စီးပွားရေးလှုံ့ ဆော်မှုစီမံကိန်းတွေ ထပ်မံဆောင်ရွက် သွားနိုင်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည် လာကြတယ်။

အကျိုးဆက်ကြောင့် ငွေကြေးတန်ဖိုး ကျဆင်းလာမယ်  ခန့်မှန်းလာကြပြီး ငွေအစားရွှေကို ပြောင်းလဲရင်းနှီးမြှုပ်နှံ ဖို့ ရွှေကို  ဝယ်လိုအားများလာရာ ကမ္ဘာ့ ရွှေဈေးနှုန်းတွေက ထပ်မံမြင့်မားလာ တယ်။ သြဂုတ် ၂၆ ရက်က အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့ စံတော်ချိန် နံနက် ၉း၄၉  နာရီက ရွှေတစ်အောင်စကို ၁၆၇၆ ဒသမ ၉၀ ဒေါ်လာအထိ မြင့် မားလာရာ ဧပြီ ၁၃ ရက်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း  ဖြစ်တယ်လို့ သိရ တယ်။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရွှေ တစ်အောင်စကို ၁၈၀၀ ဒေါ်လာအထိ ရောက်ရှိမြင့်မားလာနိုင်တယ်လိ့ု ခန့် မှန်းကြတယ်။                         Source:bloomberg.com, ပပ