Main menu

Background

စိန်တံဆိပ်၊ ဆင်တံဆိပ်နဲ့ TPI တံဆိပ်အပါအဝင် တန် တစ်သိန်းကျော်ဝင်

Mon, 09/03/2012 - 07:04 -- Anonymous (not verified)

စိန်တံဆိပ်၊ ဆင်တံဆိပ်နဲ့ TPI တံဆိပ်အပါအဝင် တန် တစ်သိန်းကျော်ဝင် ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၁၀၃၁၈၄ ဒသမ ၇၆ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ကိုးဆယ့်ခြောက်သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ် ပတ်မှာတော့ ဆင်တံဆိပ်ဘိလပ်မြေက တန်ချိန် ၂၁၂၅၄ ဒသမ ၆၆ တန်၊   TPI ဘိလပ်မြေက တန် ၅၇၀၀၊ စိန်တံဆိပ်ဘိလပ်မြေက တန် ၃၀၀၀ နဲ့ အခြားတံဆိပ် မျိုးစုံက ၇၃၂၃၀ ဒသမ ၁၀ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာတော့ စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဘက်မှ ဘိလပ်မြေများ တင်သွင်းလာတာ တွေ့ရပါတယ်။                                         MIRT (DOT)

 
နယ်စပ်မှ ဘိလပ်မြေတင်သွင်းမှုပုံမှန်သြဂုတ် ၂၂ ရက်မှ ၂၈ ရက် ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ  သုည ဒသမ ၂၀၇ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၂၅၆၃ တန်ကျော် တင်သွင်းခဲ့ရာ ယခင်အပတ် တင်သွင်းမှုနဲ့ နှိုင်းယှဉ်လျှင် တစ်တန်ကျော်မျှသာ အသွင်းလျော့ခဲ့တဲ့အတွက် ဘိလပ်မြေတင်သွင်းမှု ပုံမှန်ရှိနေတယ်လို့ ဆိုရပါမယ်။ နယ်စပ် အလိုက်တင်သွင်းမှုတွေကတော့ မူဆယ်မှ ၂၉၅ တန်ခန့်၊ လွယ်ဂျယ်မှ ၄၆၈ တန်ကျော်၊ ချင်းရွှေဟော်မှ တန် ၅၀၊ တာချီလိတ်မှ ၇၉၈ တန်၊ ကော့သောင်း မှ ၇၀၇ တန်ကျော်နဲ့ မြိတ်မှ ၂၄၅ တန် အသီးသီးဖြစ်ပါတယ်။  သြဂုတ်လတစ်လလုံး နယ်စပ်မှ ဘိလပ်မြေ တန် ၁၁၅၂၅ တန်ကျော်တင်သွင်းခဲ့ပြီး ယခု ဘဏ္ဍာနှစ် ခြောက်လ တာကာလမှာ ဒုတိယအများဆုံးတင်သွင်းတဲ့လဖြစ်ပါတယ်။     CMK
ဈေးအတက်အကျမရှိ ဈေးကွက်အေးနေတဲ့ ဘိလပ်မြေ မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးတယ်။ မိုးတွင်းကာလ မှာတော့ ဒီလိုပဲအရောင်းအဝယ် က အေးတတ်ပါတယ်။ မိုးပါးတဲ့အချိန်မှသာ ပြန် လည်ပြီး အရောင်းအဝယ် ကောင်းတတ်တာပါလို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ် ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာ ဈေးကွက်အတွင်း ကြံ့(မြိုင်ကလေး)ဘိလပ်မြေ က ယခင်တစ်ပတ်ေ ဈးထက် ၅၀ ကျပ် ဈေးထပ်ကျလာပြီး  ကျန်တဲ့ဘိလပ်မြေက  ဈေးမပြောင်းဘူးလို့လဲ သိရပါတယ်။ တစ်ပတ် အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက မြင်းခေါင်းဘိလပ်မြေ ၃၅၀၀ကျပ်၊ ဆင်(ထိုင်း) ၄၇၅၀ကျပ်၊ ကြံ့ (မြိုင် ကလေး) ၃၉၅၀ ကျပ် ဈေးရှိကြောင်း သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းအဝယ်ဖြစ်နေ တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်း တစ်ဦးကဆိုပါတယ်။ ဆောက် လုပ်ရေးလုပ် ငန်းများလည်း ရှိနေတာေ ကြာင့် ဈေးကွက်ထဲပုံမှန် အရောင်းအဝယ်တော့ ဖြစ်နေ တယ်။ ဒါပေမဲ့ဈေးကတော့ အတက်အကျသိပ်မရှိဘဲ ငြိမ်နေတယ်လို့ပြောပါတယ်။ ဒီတစ်ပတ်မှာလည်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးတွေက အေသုံးလုံး ၅၃၀၀ကျပ်၊ မြန်မာဆင် ၅၃၀၀ကျပ်၊ ဆင်(ထိုင်း) ၆၀၀၀ ကျပ်၊ စိန်(ထိုင်း) ဘိလပ်မြေ ၆၀၀၀ကျပ်၊ ဆင်မင်း(ကျောက်ဆည်)ဘိလပ်မြေ ၅၁၀၀ကျပ်၊ ကျားခေါင်းဘိလပ်မြေ ၅၂၀၀ ကျပ်ဈေးနဲ့ မြင်းခေါင်းဘိလပ်မြေ ၅၁၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်ရှိတယ်လို့သိရပါတယ်။ သြဂုတ်လဆန်းပိုင်းမှစ၍ ဆင်ဘိလပ်မြေနဲ့ စိန်ဘိလပ်မြေက ဈေးကျလာသော် လည်း မြင်းခေါင်းဘိလပ်မြေက အနည်းငယ်ဈေးပြန်မြင့် လာတာ ယခုတစ်ပတ်ထိ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်များက အရောင်းအေးနေတဲ့ ဘိလပ်မြေက ဒီတစ် ပတ်မှာတော့ ရောင်းအားပြန်တက်လာတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ဈေးက ဆင်ဘိလပ်မြေ ၄၉၅၀ ကျပ်၊ စိန်ဘိလပ်မြေ ၄၈၅၀ ကျပ်၊ မောင်းတိန်း ၄၆၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၇၀၀ ကျပ်ဖြစ်ပါတယ်။ ဒီဈေးက ဘုရင့် နောင်ဈေးကွက်မှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေပဲ ဖြစ်ပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့  ဘိလပ်မြေ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ တစ်လခွဲ နှစ်လလောက် အရောင်း အေးနေတဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာတော့ နည်းနည်းအရောင်း တက်လာတယ်။အရောင်းရှိပေမဲ့ ဈေးကအတက်အကျမရှိဘူးလို့ပြောပါတယ်။ ဒီတစ်ပတ်မှာလည်း ဆင်(ထိုင်း) ကျပ် ၅၉၀၀ နဲ့ မြင်းခေါင်း ကျပ် ၅၁၀၀ ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ စိန်(ထိုင်း)နဲ့ ဆင်(ထိုင်း)က ဈေးနှုန်း ကျပ်ခြောက်ထောင်အထက်မှာပဲ ဈေးငြိမ်နေပြီး ခြင်္သေ့၊ မြို့တော်၊ နဂါးဘိလပ် မြေက ကျပ်ငါးထောင်ကျော်ကျော်လေးနဲ့ဘဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရ ပါတယ်။ သြဂုတ်လဆန်းပိုင်းကစတင်ပြီး စိန်(ထိုင်း)နဲ့ ဆင်(ထိုင်း)က နှစ်ရာဝန်းကျင် ဈေးကျလာပေမဲ့ ခြင်္သေ့ဘိလပ်မြေ ကတော့ သြဂုတ်လဆန်းပိုင်းထဲက ဈေးငြိမ်တယ် လို့သိရပါတယ်။ မြို့တော် ဘိလပ်မြေက သြဂုတ်လအလယ်က စပြီး တစ်ရာကျပ် ဈေးမြင့်ရောင်းချလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက် အတွင်း ဖြစ်ပေါ် နေ တဲ့ ဈေးတွေက စိန်(ထိုင်း) က တစ်အိတ်ကို ၆၇၀၀ ကျပ်၊ ခြင်္သေ့တစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြို့တော် ဘိလပ်မြေတစ်အိတ်ကို ၅၀၀၀ကျပ်၊  နဂါး ၅၉၀၀ ကျပ်နဲ့ ဆင်(ထိုင်း)ဘိလပ်မြေတစ်အိတ်ကို ၆၈၀၀ ကျပ်ဈေးဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOT)