တရုတ်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်မှ မြေသြဇာများတင်သွင်း
တရုတ်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်မှ မြေသြဇာများတင်သွင်းပြည်တွင်းကို သြဂုတ် ၁၉ ရက်မှ ၂၅ ရက်တာကာလအတွင်း ဓာတ်မြေ သြဇာ ၁၀၃၇ ဒသမ ၉၀၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာနှစ်သိန်းသုံးသောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူ တင်သွင်းခဲ့ပါတယ်။ ဒီ တစ်ပတ်မှာတော့ တရုတ်နိုင်ငံမှ မြေသြဇာတန်ချိန် ၁၂၅ တန်၊ ကိုရီးယားနိုင်ငံ မှ မြေသြဇာ ၃ ဒသမ ၅ တန်၊ ဗီယက်နမ်နိုင်ငံမှ မြေသြဇာတန်ချိန် ၉၀၀ နဲ့ ထိုင်းနိုင်ငံ မှမြေသြဇာ ၉ ဒသမ ၄၀၃ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။MIRT (DOT)
နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တန်ချိန် ၁၅၀၀၀ ကျော် တင်သွင်းခဲ့သြဂုတ် ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်း များဖြစ်တဲ့ မူဆယ်၊ မြဝတီ၊ ကော့ေ သာင်း၊ မြိတ်နဲ့ရိဒ်တို့မှ ကန်ဒေါ်လာ ၃ ဒသမ ၅၂၇ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာမျိုးစုံ တန်ချိန် ၁၆၅၉၀ ခန့် တင်သွင်းခဲ့ပါတယ်။ ယခုအပတ် နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၆၁၁၅ တန်ကျော်၊ မြဝတီမှ ၁၀၁ တန်ကျော်၊ ကော့သောင်းမှ ၁၃၀ တန်၊ မြိတ်မှ ၁၉၅ တန်နဲ့ ရိဒ်မှ ၄၈ တန်ကျော် အသီးသီးဖြစ်ပါတယ်။ သြဂုတ်လမှာ နယ်စပ်မှ ဓာတ်မြေသြဇာ ၆၁၄၅၉ တန်ကျော် တင်သွင်းနိုင်ခဲ့ပြီး ဇူလိုင်လနဲ့နှိုင်းယှဉ်လျှင် ၁၅၈၂၂ တန်ကျော် အသွင်းပိုခဲ့ပါတယ်။ ယမန်နှစ်သြဂုတ်လနဲ့ နှိုင်းယှဉ်လျင်၂၁၄၇၂ တန်ကျော် အသွင်း လျော့ခဲ့ပါတယ်။ မူဆယ်နဲ့ ရွှေလီတို့မှာ မြေပြင်ဈေးများအနည်းငယ်တက်လျက်ရှိတာ တွေ့ရပါတယ်။ ၂၅-၈-၂၀၁၂ ၁၈-၈-၂၀၁၂ ကျပ် ဒေါ်လာ ပြောင်းလဲမှု ကျပ် ဒေါ်လာ Urea ၃၆၀၆၄၃ ၄၁၃ .၃၈၆ ၃၆၀၀၀၀ ၄၁၁ .၉၅ Compound ၁၀း၁၀း၅ ၂၂၀၅၁၅ ၂၅၂ .၇၅၆ ၂၂၀၀၀၀ ၂၅၁ .၇၃ Compound ၁၅း၁၅း၁၅ ၄၀၀၉၇၄ ၄၅၉ .၅၂၈ ၄၀၀၀၀၀ ၄၅၇ .၇၁၄MIRT(DOBT)ဈေးနှုန်းပုံမှန်လေးနဲ့ ဈေးကွက်မှာရှိနေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး က ဆိုပါတယ်။ ပုလဲအသေး ၄၆%နဲ့ တီစူပါက အရောင်းအဝယ် ကောင်းတယ်၊ အေးတယ်အပေါ် မူတည်ပြီး ဈေးအတက်အကျ ကစားပြီး ရောင်းနေမယ့်လည်း ကွန်ပေါင်း(ထိုင်း) အုပ်စုမြေသြဇာက ဈေးအပြောင်း အလဲသိပ်မရှိဘူး။ သူက ပိုပြီးဈေးငြိမ်နေတယ်လို့ ၎င်းင်းက ဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးတွေက ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) က ၃၄၀၀၀ ကျပ်၊ ကွန်ပေါင်း(ပန်းရောင်း)ထိုင်းက ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)က ၂၉၀၀၀ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၂၀၀၀ကျပ်နဲ့ တီစူပါ ၁၆%(မြားကမ္ဘာ-တရုတ်)က ၁၁၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်မြေသြဇာဈေးကွက်မှာ မြေသြဇာက ပုံမှန်အရောင်းဖြစ်တယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ ယူရီးယား မြေသြဇာက တစ်အိတ်ကို တစ်ရာမှ နှစ်ရာအတွင်း၊ တီစူပါ (သံကွင်း-တရုတ်)က ၉၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ)က ၁၀၀ ကျပ်ဈေးမြင့်လာပြီး ကွန်ပေါင်းမြေသြဇာက တစ်အိတ်ကို သုံးရာဝန်းကျင် ဈေးကျလာတယ်လို့ သိရပါတယ်။ ယူရီးယား (နေရွက်လှေ-တရုတ်)၂၀၁၀၀ ကျပ်၊ ယူရီးယား(ရွှေတောင်-တရုတ်)၂၀၂၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၂၂၂၀၀ ကျပ်၊ ပိုတက်(ထိုင်း) ၃၅၀၀၀ ကျပ်၊ ပိုတက် (အိန္ဒိယ) ၂၃၈၀၀ ကျပ်၊ ကွန်ပေါင်း (နေရွက်လှေ-ထိုင်း)က ၃၈၃၀၀ ကျပ်၊ ကွန် ပေါင်း ၂၅းရး၇ (ရွက်လှေ-တရုတ်)က ၃၅၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရှိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိပြီး ဈေးနှုန်းတွေ က အပြောင်းအလဲသိပ်မရှိဘူးလို့ သိရပါတယ်။ ယူရီးယားနဲ့ တီစူပါ မြေသြဇာက အတက်အကျနဲ့ အရောင်းအဝယ်ဖြစ်နေပေမဲ့ အာမို ၁၅း၁၅း၁၅ က သြဂုတ်လ ဆန်းပိုင်းမှစပြီး ဈေးငြိမ်နေတာ ဒီတစ်ပတ်အထိပဲဖြစ်ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၇၀၀ ကျပ်၊ ယူရီးယား-ပန်းဖူး (တရုတ်) ၁၉၁၀၀ ကျပ်၊ တီစူပါ(GSSP ၁၆%-တရုတ်) ၈၈၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) က ၂၀၇၀၀ကျပ်၊ တီစူပါ (GSSP ၁၂%-တရုတ်) ၈၁၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၆၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၃၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးပေမဲ့ ယခင်တစ် ပတ်က ဈေးမြင့်ခဲ့တဲ့ပိုတက်က ဒီတစ်ပတ်မှာလည်း အမြင့်ဈေးနဲ့ပဲ ဆက်လက် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးတွေက မြားကမ္ဘာ-တရုတ် ၁၂း၁၃(အပြာ) (အစိမ်း)က ၁၅၅၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅က ၁၅၀၀၀ ကျပ်၊ အာမို ၁၀း၁၀း၅က ၁၅၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၅၃၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၂၀၀၀ ကျပ်၊ ယူရီးယားပုလဲ (ပန်းဖူး- တရုတ်)က ၂၁၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၀၅၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၃၀၀၀ ကျပ်၊ တောင်သူမက ၁၅၂၀၀ ကျပ်၊ ပိုတက်က ၂၄၅၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၅၂၀၀ ကျပ်ဈေးတို့နဲ့ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ MIRT (DOT)
