Main menu

Background

ပင်လယ်ရေကြောင်းက နို့ဆီနို့စိမ်း အဝင်နား၊

Mon, 09/03/2012 - 07:09 -- Anonymous (not verified)

ဒီသီတင်းပတ်ဖြစ်တဲ့ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်တာ  ကာလအတွင်း နို့ဆီ/နို့စိမ်းက  အဝင်နားခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခြောက်ရာ ကျော်အဝင်ရှိခဲ့တဲ့ နို့ဆီက ဒီတစ်ပတ်မှာ အဝင်မရှိခဲ့ပါဘူး။ နို့စိမ်းက သြဂုတ်လ ဆန်းမှစပြီး ဒီတစ်ပတ်ထိ အဝင်မရှိခဲ့ တာတွေ့ရပါတယ်။ဒီတစ်ပတ်မှာ မလိုင် အပြည့်ပါတဲ့ နို့ကိုသာတင်သွင်း ခဲ့တာ တွေ့ရပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံပဲ ဖြစ်ပါတယ်။

နို့မှုန့်က စင်ကာပူနိုင်ငံမှ ၂၆ ဒသမ ၈၁၁ တန်၊ မလေးရှားနိုင်ငံမှ သုည ဒသမ ၅၄၀ တန်၊ သြစတြေးလျနိုင်ငံမှ ၇၁ ဒသမ ၉၂၉ တန်၊ စုစုပေါင်း ၉၉ ဒသမ ၂၈ တန်ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့မှုန့်အဝင်က တန် ချိန်တစ်ရာ့ရှစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နု့ိမှုန့်အဝင်က တန်ချိန် ကိုးဆယ်နီးပါး အဝင်လျော့နည်းခဲ့ပါ တယ်။              MIRT (DOT)