Main menu

Background

တရုတ်နယ်စပ်မှ အသွင်းလျော့လာ

Mon, 09/03/2012 - 07:12 -- Anonymous (not verified)

သြဂုတ် ၂၂ ရက်မှ ၂၈ ရက်ထိကာ လအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ  ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၆၉ သန်းတန်ဖိုးရှိ အချိုမှုန့် တန် ၇၀ ခန့်တင်သွင်းခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ တင်သွင်းမှုမရှိခဲ့သဖြင့် ယခင် အပတ်တင်သွင်းမှုထက် ၁၁၆ တန်ခန့် လျော့နည်းခဲ့ပါတယ်။

ဘဏ္ဍာနှစ် လ အလိုက် အချိုမှုန့် တင်သွင်းနိုင်မှုတွေ ကတော့ ဧပြီလမှာ ၅၁၂ တန်၊ မေလမှာ ၂၂၉၁ တန်၊ ဇွန်လမှာ ၁၃၂၃ တန်၊ ဇူ လိုင်လမှာ ၂၀၈၂ တန်နဲ့ သြဂုတ်လမှာ ၇၉၁ တန် အသီးသီးဖြစ်ပါတယ်။ အချို မှုန့် တစ်ဖက်နိုင်ငံ ပေါက်ဈေးမှာ ၁ ကီလို ၈၄၀ ကျပ်ဖြစ်ပြီး မိမိဘက်ပေါက် ဈေးမှာ ၁ ကီလို ၈၅၀ ကျပ်ရှိကြောင်း သိရပါတယ်။    MIRT(DOBT)