Main menu

Background

မူဆယ်နယ်စပ်မှ နှမ်းရောင်စုံ အပို့ ပိုမိုလျက်ရှိ

Mon, 09/03/2012 - 07:13 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၇၅၁ သန်းတန်ဖိုးရှိ နှမ်းနက် ၁၂၅၂ တန်ကျော်၊ နှမ်းဖြူ ၇၀၂ တန်ကျော်နဲ့ နှမ်းညို ၁၄ တန်ကျော်ကို သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက် ထိ ကာလအတွင်းမှာ တစ်ဖက်နိုင်ငံသို့တင်ပို့ခဲ့ပါတယ်။

ယခင်အပတ်ကထက် ၃၈၁ တန်ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ နှမ်းနက် ၃၉၃ တန်ကျော်၊ နှမ်းဖြူတန်ဝက်နီးပါးအပို့ ပိုမိုခဲ့ပြီး နှမ်းညို ၁၄ တန်ခန့် အပို့လျော့ခဲ့ပါတယ်။ ယခုအပတ် မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် မှလည်း ကန်ဒေါ်လာ သုည ဒသမ ၁၃၇ သန်းတန်ဖိုးရှိ နှမ်းနီ ၁၁၁ တန်ကျော် ကိုစတင် တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ သြဂုတ်လမှာနယ်စပ်မှ နှမ်းရောင်စုံ ၅၈၆၅ တန်ကျော်တင်ပို့နိုင် ခဲ့ပြီး ဇူလိုင်လနဲ့ နှိုင်းယှဉ်လျှင် ၁၅၂၂ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ယမန်နှစ် သြဂုတ်လနဲ့နှိုင်းယှဉ် လျှင် ၃၃၆၄ တန်ကျော် အပို့လျော့ နည်းခဲ့တာတွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံမြေပြင် ပေါက်ဈေးများ ကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်)                                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု           ယခင်       ပြောင်းလဲမှု    %       ယခု    ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ    ၁၁၀၇၁၂၈    ၁၁၁၂၃၆၅      ၅၂၃၇      ၀ .၅    ၁၂၉၄    ၁၂၉၅         ၁        ၀ .၁နှမ်းနက်    ၁၁၇၄၃၇၈    ၁၁၇၉၉၃၂    ၅၅၅၄      ၀ .၅    ၁၃၇၃    ၁၃၇၃          -          - MIRT (DOBT)