Main menu

Background

တရုတ်နှင့် အီးယူမှ စားအုန်းဆီ တင်သွင်းမှု လျော့ကျသွားသဖြင့် စားအုန်းဆီဈေးနှုန်း ကျဆင်းသွား

Mon, 09/03/2012 - 07:14 -- Anonymous (not verified)

ဒုတိယမြောက် ကမ္ဘာ့စားအုန်း ဆီ ဝယ်လိုအား အများဆုံး တရုတ်နိုင် ငံရဲ့ စားအုန်းဆီတင်သွင်းမှုက ၄ နှစ် အတွင်းအနိမ့်ဆုံးနှုန်းကို ရောက်ရှိ သွားတယ်လို့ သိရတယ်။ တရုတ်နိုင်ငံ ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း အားနည်းနေခြင်းနဲ့ တရုတ်အစိုးရက စားသုံးဆီ ဈေးနှုန်းတွေ တည်ငြိမ် အောင် ထိန်းချုပ်နေခြင်းတို့ကြောင့် ဖြစ်တယ်။

၂၀၁၁ ခုနှစ်ကစားအုန်းဆီ တန် ချိန်စုစုပေါင်း ၅ ဒသမ ၉ သန်း တင် သွင်းခဲ့သော်လည်း ၂၀၁၂ ခုနှစ်မှာ ၇ ရာခိုင်နှုန်း ကျဆင်းကာ တန်ချိန် စုစုပေါင်း ၅ ဒသမ ၅ သန်းဝန်းကျင် သာ တင်သွင်းသွားဖွယ်ရှိတယ်လို့ ကုန်သည်တွေက ခန့်မှန်းကြတယ်။ အီးယူဒေသကလည်း ကြွေးးမြီအကျပ် အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး စားအုန်းဆီဝယ်လိုအား ကျဆင်းသွား သလို တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေး ကွေးနေမှုကလည်း စားအုန်းဆီတင် သွင်းမှုကို ကျဆင်းစေရာ ကမ္ဘာ့စား အုန်းဆီ ဈေးနှုန်း ကျဆင်းသွားတယ်။ ရောင်းရအသွက်ဆုံး နိုဝင်ဘာ လ အရောက်ပို့ စားအုန်းဆီကြိုပွိုင့် ဈေးနှုန်းကတစ်တန်ကို ၃၀၈၁ ရင်းဂစ် (ကန်ဒေါ်လာ၉၉၅)နဲ့ မလေးရှား စံ တော်ချိန် နံနက် ၁၁း၃၀ နာရီက မလေးရှား ကုန်စည်ရောင်းဝယ်ရေး မှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ၎င်း  စာချုပ်ဈေးနှုန်းက သြဂုတ်လ ၁၄ ရက်က တစ်တန်ကို ၂၈၂၀ ရင်းဂစ် (ကန်ဒေါ်လာ ၉၁၁) အထိ ရောက်ရှိ ခဲ့ရာ ၁၀ လအတွင်း အနိမ့်ဆုံးနှုန်း ဖြစ်ခဲ့တယ်လို့ သိရတယ်။Source:businessweek.com၊ပပ