Main menu

Background

ယခုနှစ်အထွက်လျော့ကျဖွယ်ရှိလို့ ပဲမျိုးစုံနဲ့စားဆီတင်သွင်းမှု မြင့်တက်နိုင်တယ်လို့ အိန္ဒိယအစိုးရမှဆို

Mon, 09/03/2012 - 07:15 -- Anonymous (not verified)

မိုးနည်းပါးတာကြောင့် လက်ရှိမိုးရာသီ သီးနှံများ စိုက်ဧရိယာလျော့ကျတာ ကြောင့် အိန္ဒိယအစိုးရဟာ ယခုနှစ် ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ ပမာဏ ပိုမိုတင်သွင်းရ မယ်လို့ အစိုးရက သြဂုတ်လ ၂၇ ရက်မှ ပြောကြားပါတယ်။ မုတ်သုံမိုးနည်းပါးတဲ့ အတွက် မိုးရာသီလက်ရှိအချိန်ထိ ပဲမျိုးစုံစိုက်ပျိုးမှုကဟက်တာ ၈ ဒသမ ၈၃ သန်း ရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၉ ဒသမ ၉၇ သန်းထက် လျော့ကျခဲ့ပါ တယ်။ ဆီထွက်သီးနှံ စိုက်ပျိုးမှုက ဟက်တာ ၁၆ ဒသမ ၄၂ သန်းရှိလို့ ယခင်နှစ် ကာလတူ စိုက်ဟက်တာ ၁၆ ဒသမ ၉၉ သန်းထက် လျော့တယ်လို့ ဆိုပါတယ်။

လက်ရှိမိုးရာသီ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံစိုက်ဧက လျော့ကျတာကြောင့် ဒီနှစ်ပဲနဲ့ စားဆီတင်သွင်းမှုမြင့်တက် လိမ့်မယ်လို့ စားနပ်ရိက္ခာ ဝန်ကြီး ကေဗွီသောမတ်စ်မှ ပြောကြားပါတယ်။ ရောင်းလိုအားနဲ့ ဝယ်လိုအားကွာခြားမှုကို ပြည့်မီဖို့တင်သွင်းမှု မြင့်တက်ရလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပဲမျိုးစုံနဲ့ စားဆီတင်သွင်းမှုပမာဏကို ခန့်မှန်း ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အိန္ဒိယမှ ပျမ်းမျှတင် သွင်းမှုဟာ ပဲမျိုးစုံတန်ချိန် ၂ ဒသမ ၅ သန်း - ၃ ဒသမ ၅ သန်းခန့် ရှိပြီး၊ စားဆီ တင်သွင်းမှုမှာလည်းတန်ချိန် ၈ ဒသမ ၉ သန်းခန့်ရှိတယ်လို့ ဝန်ကြီးကဆိုပါတယ်။ ပဲမျိုးစုံတင်သွင်းမှုဟာ မြန်မာ၊ သြစတြေးလျနဲ့ ကနေဒါတို့ကဖြစ်ပြီး၊ စားဆီကို တော့ အင်ဒိုနီးရှား၊ မလေးရှား၊ အမေရိကားနဲ့ အာဂျင်တီးနားတို့က ဝယ်ယူခဲ့ပါ တယ်။ လက်ရှိအချိန်ထိ မိုးရွာသွန်းမှုက ၁၄ ရာခိုင်နှုန်းခန့် လျော့ကျနေပါတယ်။ မိုးနည်းပါးခြင်းက မိုးသီးနှံစိုက်ပျိုးမှုကို ထိခိုက်စေပြီး၊ အချို့ကုန်စည်ဈေးတွေ တိုး တက်ဖို့ဦးတည်စေပါတယ်။ ယခင်နှစ်က ပဲမျိုးစုံထုတ်လုပ်မှုက တန်ချိန် ၁၇ ဒသမ ၂၁ သန်းနဲ့ ဆီထွက်သီးနှံ တန်ချိန် သန်း ၃၀ ခန့်ရှိပါတယ်။ယမင်းခင်၊Source: Business line