Main menu

Background

မကွေးဈေးကွက်မှာ ပဲမျိုးစုံဈေးကျပြီး နှမ်းနက်(စမုံ)ဈေးစွာလာ

Mon, 09/03/2012 - 07:21 -- Anonymous (not verified)

မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေးညံ့တာကို အကြော င်းပြပြီး ဈေး လျော့အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၅၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။

ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ပြည်ပဈေးကွက်ရဲ့ ဝယ်လို အားအခြေအနေကို တွက်ချက်ပြီး ဝယ်ယူမှုတွေရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၆၀ ကျပ်(တစ် တန်ကို ၆၄၉၁၃၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကတော့ မြို့ခံပဲခွဲစက်တွေက စက်ရဲ့ လိုအပ်ချက်ပမာဏလောက်ကို သာအဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ် ပိဿာ ၁၁၈၄ ကျပ်(တစ်တန်ကို ၇၂၅၀၆၉ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းမျိုးစုံထဲမှာ နှမ်းနက် စမုံကို မန္တလေးဝယ်လက်က အရည်အသွေးအပေါ်မူ တည်ပြီး ဈေး ပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာမြင့်လာပြီး တစ်ပိဿာကို ၂၄၉၀ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းနီ၊ နှမ်းဖြူနဲ့ နှမ်းညိုကိုတော့ မန္တလေးဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ်လုပ်ငန်းရှင် များပုံမှန်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် ကျ သွားတယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက နှမ်းနီတစ်ပိဿာ ၁၉၃၅ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၀၉၀ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၈၀၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ် ရက်ကို အိတ် ၉၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။