Main menu

Background

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်

Mon, 09/03/2012 - 07:25 -- Anonymous (not verified)

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီတစ်မျိုးတည်းသာ  အောက်ဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ပြီး ကျန်ပဲမျိုးစုံကဈေးသာ ရှိပြီး အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။ ယခင်အပတ်က တစ်ပိဿာ ၁၁၀၀ ကျပ် (တစ်တန်ကို ၆၇၃၆၂၉ ကျပ်)ဈေးနဲ့ အ ရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက် ကဈေးနှိမ်ပြီး အဝယ်ရှိသလို ဝယ်အားပါနည်းလာတာကြောင့် တစ် ပိဿာကို ၁၀၆၀ ကျပ်(တစ်တန်ကို ၆၄၉၁၃၃ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။