Main menu

Background

ဟင်္သာတဈေးကွက်မှာ မတ်ပဲ ဈေးကျပြီး အရောင်းအဝယ်ဖြစ်မှုနည်း

Mon, 09/03/2012 - 07:29 -- Anonymous (not verified)

ဟင်္သာတဈေးကွက်မှာ ယခင်အပတ်က တစ်ပိဿာ ၉၂၀ ကျပ် (တစ်တန်ကို ၅၆၃၃၉၈ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ် ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာ အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန် ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်း ဈေးကျနေတဲ့အပေါ်အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် တစ်ပိဿာကို ၈၉၀ ကျပ်(တစ်တန်ကို ၆၄၅၀၂၇ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၁၀၀၀ ဝန်းကျင်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲ ကုန်သည်တစ်ဦးက ဆိုပါတယ်။