ပြည်ဈေးကွက်မှာ ယခင်အပတ်က တစ်ပိဿာကို ၉၂၅ ကျပ် (တစ်တန်ကို ၅၆၆၄၆၀ ကျပ်)ဈေးနဲ့အရောင်း အဝယ်များခဲ့တဲ့ မတ်ပဲ ကဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အား ပါအနည်းငယ်လျော့လာ တာကြောင့် တစ်ပိဿာကို ၈၇၅ ကျပ် (တစ်တန်ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပဲစင်းငုံနီကို တော့ ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက် က ပြည်ပဈေးကွက်ရဲ့ ဝယ်လို အားအခြေအနေကိုမူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ရက်ခြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၆၀ ကျပ်(တစ်တန်ကို ၆၄၉၁၃၃ ကျပ်)ဈေးနဲ့တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ဆို ပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကတော့ ဒေသတွင်းပဲခွဲစက်များသာ အဝယ်ရှိပြီး ရန်ကုန်ဝယ်လက်အဝယ်အေးနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၁၉၀ ကျပ် (တစ်တန်ကို ၇၂၈၇၄၄ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၂၅၀၀ ခန့်သာဖြစ်ခဲ့ တယ်လို့သိရပါတယ်။ ပဲတီစိမ်းကြီးကတော့ ရန်ကုန်-မန္တလေးအဆွဲ နည်းနေသလို ဈေးကလည်းငြိမ်နေတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်) ဈေးနဲ့တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါ တယ်။