Main menu

Background

အောင်လံဈေးကွက်မှာ ပဲစင်းငုံနီ အရောင်းအဝယ်ပါးပြီး ပဲတီစိမ်းနဲ့ ကုလားပဲသာ အရောင်းအဝယ်ပုံမှန်ဖြစ်

Mon, 09/03/2012 - 07:35 -- Anonymous (not verified)

အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်အဆွဲ ပါးသွားတာကြောင့် ဈေးသာရှိပြီး အရောင်းအဝယ်အေးနေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ပဲတီစိမ်းကြီးကိုတော့ ရန်ကုန်-မန္တလေး ဝယ်လက်က တစ်ပိဿာကို ၈၂၅ ကျပ်(တစ်တန်ကို ၅၀၅၂၂၁ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၁၅၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံခွဲစက်တွေက ဝယ်အား အထိုက်အလျောက်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၁၁၉၀ ကျပ် (တစ်တန်ကို ၇၂၈၇၄၄ ကျပ်)ဈေး နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သိပ္ပံနှမ်းနက်ကို  ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲ များလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၄၄၅ ကျပ် ဈေးနဲ့ တစ်ရက်ကိုအိတ် ၇၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။