မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှကန်ဒေါ်လာ သုည ဒသမ ၁၉၄ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၂၆၂ တန်ကျော်နဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာသုညဒသမ ၂၀၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၉၇ တန်ကျော် တင်ပို့ခဲ့ရာ ယခင်အပတ်ကထက် ကော့သောင်းမှ ၉၃ တန်ကျော်နဲ့ မြဝတီမှ ၆၇ တန်ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။
ယခုအပတ်မှာ ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မြဝတီ၊ကော့သောင်းနဲ့မြိတ်တို့မှကန်ဒေါ်လာ ၁ ဒသမ ၃၁၈ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၁၃၂၈ ကျော် တင်ပို့ခဲ့ရာ ယခင်အပတ်ကတင်ပို့မှု ထက် တန် ၉၁၀ ခန့် လျော့နည်းခဲ့ပါတယ်။ မြဝတီနယ်စပ်မှ ငါးရှဉ့်တင်ပို့မှုမရှိဘဲ ကန်ဒေါ်လာ သုည ဒသမ ၂၀၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၆၆ တန် ကျော်၊ ပုစွန် ၂ တန်၊ကဏန်း ၂၈ တန်ကျော်၊ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၀၂၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၉၅၂ တန်၊ ရေငန်ပုစွန် ၁၀၈ တန်၊ ကဏန်းအသေး (အသေ) ၇ တန်ခန့်နဲ့ ကော့သောင်းနယ်စပ်မှ ငါးမျိုးစုံ ၂၅၇ တန်၊ ကျောက်ပုစွန် ၂ တန်ကျော်၊ ကဏန်း ၁ တန်ကျော်၊ ကင်းမွန် တန်ဝက်ခန့်နဲ့ ငါးဆားနယ် ၁ တန်ကျော် အပို့ရှိခဲ့ပါတယ်။ မြဝတီနဲ့ ကော့သောင်းနယ်စပ်များမှ ပိုမို တင်ပို့ခဲ့သော်လည်း မြိတ်မှတင်ပို့မှုဟာ ထက်ဝက်ကျော်ကျခဲ့ပါတယ်။ သြဂုတ်လကုန်ထိ မြန်မာ-ထိုင်းနယ်စပ်မှ ရေထွက်ကုန် တန်ချိန် ၆၀၆၈ ကျော် တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဧပြီလမှ သြဂုတ်ကုန်ထိ လအလိုက်ရေထွက်ကုန်တင်ပို့နိုင်မှုတွေကတော့ ဧပြီလမှာ ၁၃၈၇၈ တန်၊ မေလမှာ ၁၁၇၈၅ တန်၊ ဇွန်လမှာ ၆၆၁၉ တန်၊ ဇူလိုင်လမှာ ၆၇၀၉ တန်နဲ့ သြဂုတ်လမှာ ၆၀၆၈ တန် အသီးသီးဖြစ်ပါတယ်။ MIRT(DOBT)