Main menu

Background

ပို့ကုန်တိုးတက် ကဏန်း၊ ငါးရှဉ့်ဈေးကွက်

Wed, 09/05/2012 - 07:09 -- Anonymous (not verified)

မြန်မာနိုင်ငံ၏ ရေသယံဇာတ ထွက်ကုန်ဖြစ်သော ကဏန်းနှင့် ငါးရှဉ့်သည် ချင်းရွှေဟော်စခန်း၏ နိုင်ငံခြား ဝင်ငွေအမေရိကန်ဒေါ်လာရှာဖွေပေးနေသောအရေးပါသည့် ပို့ကုန် ပစ္စည်းအမယ် ဖြစ်ပါသည်။ ယခင်ရွှေကွမ်းလုံ ကုမ္ပဏီ တစ်ခုတည်းသာ တင်ပို့နေရာမှ ယခုအခါအပြိုင်အဆိုင်တင်ပို့ လာကြသည်ကို တွေ့ရှိရပြီး တစ်ဖက်နိုင်ငံမှလည်း မိမိ ဖောက် သည်ချိတ်ဆက်မှုနှင့်အတူ ကုန်စည်ဖလှယ်ရာ ရောင်းဝယ်ရာ ဒေသဖြစ်သော မိမိချင်းရွှေဟော်မြို့သို့ တရုတ်သုံးဘီးကား များနှင့် လာရောက် ဝယ်ယူသယ်ဆောင်လျက်ရှိကြပါသည်။ ကုမ္ပဏီအနေဖြင့် ကွမ်းလုံမှ ရွှေကွမ်းလုံ၊ လောက်ကိုင်မှ ရွှေလောက်ကိုင်၊ ရှင်းယီဒါး၊ မူဆယ်မှ သင်းကြည်လှိုင်၊ ငွေ ပင်လယ်၊ ရန်ကုန်မှ တက်လူကုမ္ပဏီစသည်ဖြင့်နေ့စဉ် ၆ ဘီး ကားကြီးများဖြင့် သယ်ဆောင်လျက်ရှိကြပါသည်။  ယခင် အပတ်မိုးသည်းထန်စွာရွာသွန်း၍ လားရှိုးအထွက်တွင် ရေကြီး ခြင်း၊ သိန္ဒီတွင် ရေလျှံခြင်းများဖြစ်စဉ်ကြောင့် အချိန်မီ မရောက်ရှိသည့် အတွက် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်တတ် ပါသည်။ သဲတောင်ရှောင်ကွင်းလမ်းမှာ လမ်းချဲ့နေသဖြင့် အခက်အခဲမရှိပါ။ လမ်းခရီးတိုတောင်းခြင်း၊ ၆ ဘီးကားကြီး များသွားလာနိုင်ခြင်း၊ တစ်ဖက်နိုင်ငံသို့လည်း ခရီးတိုခြင်း၊ ကုမ္ပဏီတစ်ခုချင်းမှလည်း ချိတ်ဆက်ရောင်းဝယ်နိုင်ခြင်း တို့ကြောင့် ဧပြီလမှ သြဂုတ်လ ၂၄ ရက်အထိ ကာလအတွင်း မှာ ရေထွက်ကုန်ရောင်းချမှုမှ ကန်ဒေါ်လာ ၅ ဒသမ ၅၆၅ သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ မိမိတို့ပို့ကုန်ပစ္စည်းအရည်အသွေး (QC) ကောင်းမွန်စေ ရေးအတွက် ကွမ်းလုံအထွက် ကောင်းကျဲရွာ တွင် ရေလှယ် နေရာတည်ဆောက်ရန် ရွှေကွမ်းလုံကုမ္ပဏီမှ ငါးလုပ်ငန်းစစ် ဆေးရေးအဖွဲ့နှင့် လာရောက်စစ်ဆေး ဆောင်ရွက်သွားခြင်း တို့ကြောင့် ရေထွက်သယံဇာတအနေဖြင့်  အလားအလာ ကောင်းမွန် လျက်ရှိပါသည်။ ဧပြီလမှ သြဂုတ်လအထိ ချင်းရွှေဟော်မှ ရေထွက်ကုန်တင်ပို့မှုအခြေအနေ ငါးရှဉ့် (အရှင်)             ကဏန်း (အရှင်) တန်ချိန်       တန်ဖိုး         တန်ချိန်      တန်ဖိုးဧပြီ                             ၈၁ .၇၆        ၀ .၃၆၀          -             -မေ                            ၉၂ .၄၀၀        ၀ .၃၇၂    ၄ .၂၇၂      ၀ .၀၀၉ဇွန်                         ၂၀၀ .၈၀၀         ၀ .၇၄၁        -                 -    ဇူလိုင်                     ၃၅၃ .၇၆၀         ၁ .၄၇၅    ၁၂၀ .၂၃၆    ၀ .၂၅၉သြဂုတ် ၂၄ ရက်ထိ    ၄၁၁ .၉၂၀         ၁ .၈၁၂    ၁၈၃ .၀၅၆    ၀ .၅၃၈စုစုပေါင်း                 ၁၁၄၀ .၆၄၀        ၄ .၇၅၉    ၃၀၈ .၅၆၄    ၀ .၈၀၆အဘဖေ