နိုင်ငံတော်အစိုးရသစ်တက်လာပြီးနောက် ပြုပြင်ပြောင်းလဲမှုများ စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ပြည်သူတို့ရဲ့လူနေမှုဘဝများ မြင့်မားတိုးတက် လာစေရန်၊ လူတန်းစားကွာဟမှု ကျဉ်းမြောင်းလာစေရန်၊ သယ်ယူ ပို့ဆောင် ရေးကဏ္ဍတွင် လုံခြုံချောမွေ့ပြီးခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး ခေတ်အဆက်ဆက်က ယာဉ်အိုယာဉ်ဟောင်းများကိုအပ်နှံစေပြီး ကားသစ်၊ ကားကောင်းများ အစားထိုးတင်သွင်းအသုံးပြုခွင့်ပြုခဲ့ပါတယ်။
လူတစ်ဦးကို နိုင်ငံ ခြားငွေစာရင်းဖွင့်လှစ်ပြီးပါက ကား ၁ စီး ပြည်ပမှ မှာယူတင်သွင်းနိုင်သည်အထိ စီစဉ်ဆောင်ရွက် ပေးခဲ့သဖြင့် ယခုအခါ မြန်မာပြည်အနှံ့တွင် သစ်လွင်တောက် ပ နေသည့် ကားသစ်ကြီးများကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ ယခင်က ယာဉ်/ ယန္တရားများတင်သွင်းမှုကို သွင်းကုန်လိုင်စင်ဖြင့် တစ်ကြိမ်လျှင် ၅ စီးသာ တင်သွင်းခွင့်ပြုခဲ့သော်လည်း ၂၀၁၁ ခုနှစ် ဇွန်လ ၈ ရက်မှစပြီး နိုင်ငံ တော်ရဲ့ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်ရှိတဲ့ယာဉ်/ယန္တရားများကို တင်သွင်းလိုတဲ့အရေအတွက် အတိုင်း လျှောက်ထား တင်သွင်းခွင့်ပြုခဲ့သဖြင့် တင်သွင်းမှုပိုမိုတိုးတက်ခဲ့ရာ မြဝတီကုန် သွယ်ရေးဇုန်တွင် ထိုင်းနိုင်ငံ ဘက်မှ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှ ၂၇ ရက် အထိ Light truck ယာဉ် ၁၆၉ စီး (တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၂၆၁ သန်းကျော်)နဲ့လုပ်ငန်းသုံးယာဉ် ၉ စီး (တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၇၇၆ သန်း) တင်သွင်းခဲ့ရာ စုစုပေါင်း ယာဉ် ၁၇၈ စီး (တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၀၃၆၄ သန်း) တင်သွင်းခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ ကျော်ဆန်းထွန်း