Main menu

Background

မြဝတီနယ်စပ်မှ လယ်ယာထွက်ကုန်တင်ပို့မှုတွင် နှမ်းနီနှင့် နှမ်းညိုတို့ ပါဝင်လာ

Wed, 09/05/2012 - 07:14 -- Anonymous (not verified)

မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်မှ အဓိကတင်ပို့တဲ့ လယ်ယာ ထွက်ကုန် ပစ္စည်းများမှာ ကွမ်းသီး၊ ဂျင်းခြောက်၊ နနွင်းတက်၊ ဆန်၊ ဆန်ကွဲတို့ဖြစ်ပါ တယ်။ နိုင်ငံတော်မှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်သွယ်မှုပမာဏ တိုးတက်မြင့်မား လာစေရေးအတွက် ဖြေလျော့မှုများပြုလုပ်ခဲ့ရာ ယခင်ကတင်ပို့ခွင့်မပြုထားတဲ့ ကန့်သတ်ကုန်ပစ္စည်း ၁၅ မျိုးမှ မြေပဲ၊ မြေပဲဆီ၊ ဆီကြိတ်ရာတွင်အသုံးပြုသော နှမ်းနီ၊ နှမ်းညိုနှင့် နှမ်းဆီများကို လွတ်လပ်စွာတင်ပို့ခွင့်ပြုခဲ့ပြီဖြစ်ပါတယ်။ ယခုအခါ မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံသို့ နှမ်းနီနှင့် နှမ်းညိုကို စတင်တင်ပို့နေပြီး ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှ ၂၇ ရက်ထိ နှမ်းညို ၂၂၈ ဒသမ ၃၂၀ တန်၊ တန်ဖိုး အမေရိ ကန်ဒေါ်လာ သုညဒသမ ၂၈၀ သန်း၊ နှမ်းနီ ၁၄၈ ဒသမ ၈၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၁၈၂ သန်း တင်ပို့ထားပြီး ဆက်လက် တင်ပို့သွားမှာဖြစ် ကြောင်း ကုန်သည်များထံက သိရှိရပါတယ်။ တစ်ဖက်နိုင်ငံမှာ မြန်မာနိုင်ငံက တင်ပို့တဲ့ နှမ်းနီနဲ့ နှမ်းညိုကို ဆီကြိတ်ခြင်း၊ မုန့်လုပ်ခြင်းနဲ့ အလှကုန်ပစ္စည်း ထုတ် လုပ်တဲ့လုပ်ငန်းများမှာ ကုန်ကြမ်းအဖြစ် အသုံးပြုကြောင်း သိရှိရပါတယ်။ ကျော်ဆန်းထွန်း