Main menu

Background

ကော့သောင်းနယ်စပ်မှလည်း ဘီစကစ်မုန့်တင်သွင်းမှုရှိ

Wed, 09/05/2012 - 07:15 -- Anonymous (not verified)

တရားဝင်တင်သွင်းခွင့်ပြုပါက တရားမဝင်တင်သွင်းနေမှုများပပျောက်ပြီး ပုံမှန် ကုန်သွယ်မှုလမ်းကြော င်းပေါ်သို့ ရောက်ရှိလာကာ ကုန်သွယ်မှုပမာဏများ တိုး လာစေမှာ ဖြစ်ပါ တယ်။ နိုင်ငံတော်ပိုင်းမှာလည်း ရသင့်ရထိုက်တဲ့အခွန်အခများကို ရရှိလာစေမှာဖြစ်တဲ့အတွက် ပြည်တွင်းဈေးကွက်မှာ လိုအပ်လျက်ရှိတဲ့ ယခင်က တင်သွင်းခွင့် ကန့်သတ်ထားခဲ့တဲ့ အချိုမှုန့်၊ အချိုရည်၊ ဘီစကစ်မျိုးစုံ၊ စည်သွပ်ဘူး၊ (အသားနှင့် အသီးစုံ) နဲ့ ခေါက်ဆွဲခြောက် အမျိုးမျိုးအပါအဝင် စားသောက်ကုန် ငါးမျိုးကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကစပြီး ပင်လယ်ရေကြောင်းနဲ့ နယ်စပ် ဒေသ များမှဖြေလျော့တင်သွင်းခွင်ြ့ပု ထားခဲ့ပြီး ဖြစ်ပါ တယ်။ ဖြေလျော့တင်သွင်းခွင့်ပြုတာ နဲ့ တစ်ပြိုင်နက် အများဆုံး တင်သွင်းတဲ့သွင်းကုန်ကတော့ တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အချိုမှုန့် များပဲဖြစ်ပါတယ်။ ဒုတိယအများဆုံးတင်သွင်းလာတာကတော့ ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တင်သွင်း လာတဲ့ OK တံဆိပ် စတော်ဘယ်ရီညှပ်ဘီစကစ်၊ Sponsor  တံဆိပ် ဓာတ်ဆားရည်သံဘူးနဲ့Yum Yum  တံဆိပ် ခေါက်ဆွဲခြောက် တို့ပဲ ဖြစ်ပါတယ်။ အစပိုင်းက ဘီစကစ်နဲ့ ဓာတ်ဆားရည်သံဘူးသာတင်သွင်းရာမှ နောက်ပိုင်းမှာ ခေါက်ဆွဲခြောက်များပါတင်သွင်းလာတာ တွေ့ရပါတယ်။ ယခုသြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာတော့ ကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာ ၂၂၀၀ ခန့်တန်ဖိုးရှိ ဘီစကစ်မုန့် ၁၇၂၈ ကီလိုဂရမ်တင်သွင်း မှု ရှိတယ်လု့ိ သတင်းရရှိလု့ိ စုံစမ်းကြည့်တဲ့အခါ OK အမှတ်တံဆိပ် Cheese  အရသာ ဘီစကစ်များဖြစ်တယ်လို့ သိရှိရပါတယ်။                            CMK