Main menu

Background

တရုတ်နယ်စပ်စခန်းများမှ ပြောင်းတင်ပို့မှုရှိ

Wed, 09/05/2012 - 07:16 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်မှ မူဆယ်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၃၁၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၇၉၇ တန်ကျော် ကို သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ နယ်စပ် စခန်း အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ ၁၂၀၂ တန်ကျော်၊ ချင်းရွှေဟော်မှ ၂၉တန်၊ လွယ်ဂျယ်မှ ၅၆၆ တန်ကျော်အသီးသီးဖြစ်ပါတယ်။ သြဂုတ်လမှာ နယ်စပ်မှ ပြောင်းဖူးစေ့ ၁၇၄၂၃ တန်ကျော်တင်ပို့နိုင် ခဲ့ပြီး ဇူလိုင်လနှင့်နှိုင်းယှဉ်လျှင် ၂၆၈၀ တန်တင်ပို့မှု လျော့ကျခဲ့တာဖြစ်ပြီး ယမန်နှစ်သြဂုတ်လ နဲ့နှိုင်းယှဉ်လျှင် ၂၃၇၂၈ တန် အပို့ လျော့ကျခဲ့တာ တွေ့ရပါတယ်။ တစ်ဖက်နိုင်ငံရွှေလီမှာရော မိမိဘက် မူဆယ်မှာပါပြောင်းဈေးအနည်းငယ် မြင့်တက်လျက်ရှိတယ်လို့ သိရပါ တယ်။ ယခင် အပတ်နှင့် ယခုအပတ်မြေပြင်ပေါက်ဈေးများကိုနှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု         ယခင်     ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    % ၃၅၃၉၃၄    ၃၄၇၅၀၀    ၆၄၃၄         ၂      ၄၁၄    ၄၀၄         ၁၀           ၂MIRT(DOBT)