သြဂုတ်လအတွင်း တစ်တန်ကို ၂၇၄၀ ဒေါ်လာဝန်းကျင်အထိ ရောက်ရှိကျဆင်းသွားခဲ့တဲ့ ကမ္ဘာ့ ရော်ဘာ ဈေးနှုန်းေ တွက သြဂုတ်လ ၂၈ ရက်မှာတစ်တန်ကို ၂၈၀၀ ဒေါ်လာကိုပြန်လည်ရောက်ရှိ လာတယ်။ ရော်ဘာစိုက်ပျိုး ထုတ်လုပ် တင်ပို့မှု အများ ဆုံး နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံ တို့က ရော်ဘာတင်ပို့မှု လျှော့ချ သွားဖို့ ဆုံးဖြတ်လိုက်ခြင်းက ရော်ဘာ ဈေးနှုန်းကျဆင်းမှု ကို ရပ်တန့်သွားစေခဲ့တယ်။
နောက်ပိုင်းမှာလည်း ရော်ဘာဈေးနှုန်းတည်ငြိမ်စေရေး ဆွေးနွေးဖို့အတွက် ၎င်း သုံးနိုင်ငံက ယခုသီတင်းပတ်အကုန်ပိုင်းမှာ တွေ့ဆုံကြဦးမယ်လို့ သိရတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာ ကျင်းပမယ့် ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးသုံးနိုင်ငံ ပါဝင်တဲ့ နိုင်ငံတကာ ရော်ဘာညီလာခံကို တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကိုပါ လေ့လာသူအနေနဲ့ တက်ရောက်ဖို့ ဖိတ်ကြားထား တယ်လိ့ု သိရတယ်။ အီးယူဒေသကြွေးမြီအကျပ်အတည်းကြောင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားနည်းကာ ရော်ဘာ ဝယ်လို အားလျော့ကျ လာခြင်းက ရော်ဘာဈေးနှုန်းကျဆင်းစေခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်တယ်။ ၎င်းကြွေးမြီ အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် အလားအလာမရှိသေးခြင်းကြောင့် ရော်ဘာဝယ်လိုအား ဆက်လက် ကျဆင်းကာ ရော်ဘာဈေးနှုန်း ဆက်လက်အားနည်း နေနိုင်တယ်လို့ ခန့်မှန်းကြရာ ရေရှည်မှာ ရော်ဘာစိုက်ပျိုးသူတွေ ထိခိုက်နစ်နာမှုမရှိစေဖို့ သင့်တော်တဲ့နှုန်းထားမှာ ရော်ဘာ ဈေးနှုန်း တည်ငြိမ်နေစေရေးအတွက် ပူးပေါင်းညှိနှိုင်း အဖြေရှာကြမယ်လို့ သိရတယ်။ မလေးရှားကတော့ SMR – 20 အမျိုးအစား ရော်ဘာတစ်ကီလိုကို ၁၀ ရင်းဂစ် (တစ်တန်ကို ကန်ဒေါ်လာ ၃၂၁၅ ဝန်းကျင်) မှာရှိနေစေရေးညီလာခံမှာ တင်ပြဆွေးနွေးသွားမယ်လို့ သိရတယ်။ လက်ရှိဈေးနှုန်းမှာ တစ်ကီလို ကို ၇ ဒသမ ၄၇ ရင်းဂစ် (တစ်တန်ကို ကန်ဒေါ်လာ ၂၄၀၂ ဝန်းကျင်) မှာသာ ရှိနေတယ်။Source:nst.com.my, rubberboard.org.in,ပပ