Main menu

Background

အိန္ဒိယနိုင်ငံက အင်ဒိုနီးရှားနိုင်ငံတွင် ရော်ဘာလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမည်

Wed, 09/05/2012 - 07:27 -- Anonymous (not verified)

အိန္ဒိယနိုင်ငံက ပြည်တွင်းမှာ ရော်ဘာ ရောင်းလိုအား မလုံမလောက်ဖြစ်နေခြင်း၊ ရော်ဘာ သွင်းကုန်အခွန် မြင့်မား နေခြင်းနဲ့ ပြည်တွင်းလုပ်သားခတွေ မြင့်တက်နေခြင်း စတဲ့ အကြောင်းကြောင်းတို့ကြောင့် အင်ဒိုနီးရှားနဲ့ သီရိလင်္ကာနိုင်ငံ တို့မှာ ရော်ဘာထုတ်လုပ်မှုလုပ်ငန်းကို သွားရောက်ရင်းနှီးမြှုပ် နှံဖို့ စိတ်ဝင်စားလျက် ရှိကြောင်း သိရတယ်။

အင်ဒိုနီးရှားနဲ့ သီရိလင်္ကာ နှစ်နိုင်ငံလုံးက အရှေ့တောင် အာရှရှိ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက ယခုလက်ရှိမှာ သင့် လျော်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေရှိနေတဲ့အပြင် လုပ် သားခ ဈေးနှုန်းချိုသာနေခြင်းနဲ့ သဘာဝရော်ဘာ ထုတ်လုပ် ရရှိနိုင်မှု ပေါများနေခြင်းတို့က အိန္ဒိယနိုင်ငံကို ဆွဲဆောင် နိုင်ခဲ့ခြင်းဖြစ်တယ်။ ယခုအစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံ ကောင်စစ်ဝန်ရုံးမှ ထိပ်တန်းအကြီးအကဲ Dikey Fabrian  အိန္ဒိယနိုင်ငံကို မကြာသေးမီက ရောက်ရှိခဲ့စဉ်အတွင်း အိန္ဒိယနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံ ဆက်ဆံမှုတိုးမြှင့်ဖို့ ရည်ရွယ်ပြီး အကြံပြု ပြောကြားခဲ့ ခြင်းကြောင့်ဖြစ်ကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ယခင်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ က နိုင်ငံအတွက် အထောက်အကူ မပြု နိုင်ခဲ့ကြောင်းကိုလည်း ပြောကြားခဲ့ကြောင်း သိရတယ်။ ယခုအစီအစဉ်က နှစ်နိုင်ငံလုံးအတွက် win-win  အခွင့် အလမ်းတစ်ရပ်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ရော်ဘာ လုပ်ငန်းရှင် များအသင်းဥက္ကဌဖြစ်သူ  Niraj Thakkar   က ပြောကြား ကြောင်းနဲ့ အိန္ဒိယနိုင်ငံ ရော်ဘာလုပ်ငန်းတွေ အတွက် အထောက်အကူ ဖြစ်စေနိုင်တယ်လို့လည်း  ကျွမ်းကျင်သူများ က သုံးသပ်ကြကြောင်း သိရတယ်။ Source: commodityonline.com၊စန္ဒာပျို